ရော်နယ်ဒိုရဲ့ ပြောစကားကို နားထောင်ဖို့ ဆာဟာက အကြံပေးခဲ့တာပါ။

ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဆာဟာက ယူနိုက်တက်မှာရှိတဲ့ ကျန်ကစားသမားတွေအနေနဲ့ ပါးစပ်ပိတ်ပြီး ရော်နယ်ဒို ပြောတာကိုပဲ နားထောင်ကြဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အသင်းမှာရှိတဲ့ လူငယ်ကစားသမားအချို့က သူပြောတဲ့စကားတွေကို နားမထောင်ကြတော့ဘူးလို့ အင်တာဗျူးတခုမှာ ထုတ်ဖော်ပြောကြားဖူးပါတယ်။



ဒါ့အပြင် ကွင်းတွင်းမှာလည်း ဂရင်းဝုဒ်၊ ရပ်ရှ်ဖို့ဒ်တို့ဟာ ရော်နယ်ဒိုကို ဘောလုံးမပေးဘဲ တကိုယ်ကောင်းဆန်ဆန် ကန်သွင်းမှုတွေကို မကြာခဏ ပြုလုပ်နေတာကို ပရိသတ်တွေ မြင်တွေ့နေရပါတယ်။ အထူးသဖြင့် အသင်းမှာရှိတဲ့ ကစားသမားအချို့ဟာ ရော်နယ်ဒို ယူနိုက်တက်ကို ပြန်လာပြီး လွှမ်းမိုးမှုအားကောင်းနေတာကို စိတ်တိုင်းမကျဖြစ်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။

ဒါပေမယ့် ဆာဟာကတော့ “အဝတ်လဲခန်းထဲမှာ ကစားသမားတယောက်က သူ့စိတ်ထဲရှိတာကို ထုတ်ပြောနိုင်တဲ့ အခွင့်အရေးရှိတယ်ဆိုရင် အဲ့ဒီကစားသမားက ရော်နယ်ဒိုပါပဲ။ ယူနိုက်တက်မှာရှိတဲ့ လူငယ်ကစားသမားတွေက အခုချိန်ထိ ဘာကိုမှသက်သေမပြနိုင်သေးပါဘူး”

“သူတို့က နိုင်ငံလက်ရွေးစင်နဲ့ ပွဲအချို့ ကစားထားပြီးပြီဆိုပေမယ့် ဘာအောင်မြင်မှုတွေရထားလို့လဲ။ ကစားသမားတွေအနေနဲ့ ရော်နယ်ဒိုကို နတ်ဘုရားကြီး တပါးလို ကိုးကွယ်ဖို့ ကျနော် ပြောနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် ခင်ဗျားတို့ သူ့ကို ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တယောက်ဆိုတာ လက်ခံရပါလိမ့်မယ်”

“ကစားသမားတယောက်အနေနဲ့ ဝေဖန်မှုတွေမခံနိုင်ဘူးဆိုရင် ခင်ဗျားက ပုံမှန်မဟုတ်တော့ဘူး။ ရော်နယ်ဒိုကတော့ ကစားသမားတွေ တိုးတက်လာဖို့အတွက်ကိုပဲ အကြံပေးတာပါ။ သူက ယူနိုက်တက်ကို ပြန်ရောက်လာပြီး ဆုဖလားတွေကို ဆွတ်ခူးချင်တယ်၊ ဘယ်လို သွားရမလဲ သူသိပါတယ်။ ဒီတော့ ကစားသမားတွေအနေနဲ့ ရော်နယ်ဒိုပြောစကားကို နားထောင်သင့်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ရော်နယ်ဒိုနဲ့ ဆာဟာတို့ဟာ ရော်နယ်ဒိုရဲ့ ယူနိုက်တက် ကစားသမားဘဝ ပထမအကြိမ်မှာ (၅) နှစ်ကြာ အတူတွဲ ကစားခဲ့ဖူးကြတဲ့ ကစားသမားတွေလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က