မန်စီးတီးတိုက်စစ်မှူးဟာလန်းကတော့ ဖလားလုပွဲတွေမှာဆိုရင် သူက ရေမြွေတကောင်လိုပဲ ရှိသေးတယ်ဆိုတာကို ထပ်မံပြသခဲ့ပါတယ်။ ညက ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲမှာလည်း ဟာလန်းက ပွဲထွက်ခွင့်ရခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် လူစားလဲလှယ်ခံခဲ့ရပြီး သူ့နေရာဝင်လာခဲ့တဲ့ လူငယ်ကစားသမားလေ ပယ်လ်မာက မန်စီးတီးအတွက် ဂိုးသွင်းယူနိုင်ခဲ့တာကို တွေ့ရပါတယ်။
ဟာလန်းဟာ မန်စီးတီးအတွက် ပြီးခဲ့တဲ့ရာသီက ဂိုးပေါင်း ၅၀ ကျော်အထိ သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်မှာ ဂိုးအများဆုံးသွင်းယူနိုင်ခဲ့သူအဖြစ်နဲ့လည်း ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် မန်စီးတီးတို့အတွက်တော့ သူက ဗိုလ်လုပွဲတွေမှာဆိုရင် ခြေစွမ်းပြနိုင်ဖို့ကို ရုန်းကန်နေခဲ့ရပြီး ညကလည်း အဲဒီအတိုင်းဖြစ်ခဲ့ပါတယ်။
သူ့ရဲ့ ဗိုလ်လုပွဲမှတ်တမ်းတွေကို ကြည့်မယ်ဆိုရင်တော့ တော်တော်လေးဆိုးရွားနေတာကို မြင်တွေ့့ရမှာဖြစ်ပြီး ဂိုးလည်းသွင်းယူနိုင်တာမ်ျိုးမရှိခဲ့ပါဘူးး။
၂၀၂၂ ကွန်မြူနတီဒိုင်း - ထိချက် ၁၆ ကြိမ်၊ ကန်သွင်းမှု ၃ကြိမ်၊ ၀ ဂိုး
၂၀၂၃ အက်ဖ်အေ - ထိချက် ၃၅ ကြိမ်၊ ကန်သွင်းမှု ၃ကြိမ်၊ ၀ ဂိုး
၂၀၂၃ ချန်ပီယံလိဂ် - ထိချက် ၁၉ ကြိမ်၊ ကန်သွင်းမှု ၁ကြိမ်၊ ၀ ဂိုး
၂၀၂၃ ကွန်မြူနတီဒိုင်း - ထိချက် ၁၃ ကြိမ်၊ ကန်သွင်းမှု ၀၊ ၀ ဂိုး
ညက ပွဲမှာဆိုရင် သူဟာ ဂိုးကန်သွင်းမှုတချက်တောင်မှ မလုပ်နိုင်ခဲ့ဘဲ လူစားလဲခံခဲ့ရတာပါ။ ဟာလန်းအနေနဲ့ အခြားပွဲတွေမှာ ခြေစွမ်းပြဂိုးတွေသွင်းခဲ့ပေမယ့် ဗိုလ်လုပွဲဆိုရင်တော့ သူ့ရဲ့ သွင်းဂိုးတွေ မမြင်ရတဲ့အားနည်းချက်ကို ချေဖျက်နိုင်ိဖု့အတွက်တော့ လိုအပ်နေပြီ ဖြစ်ပါတယ်။