အပြစ်ပေးခံရရင် ဖလားလွှဲပေးရနိုင်တယ်ဆိုတဲ့ သတင်းတွေကို တုံ့ပြန်ခဲ့တာပါ။

ပရီးမီးယားလိဂ်ရဲ့ စုံစမ်းစစ်ဆေးမှုရလဒ်တွေ ဘယ်လိုပဲဖြစ်ဖြစ် မန်စီးတီးအသင်းပိုင်ဆိုင်ခဲ့တဲ့ ဆုဖလားတွေကို ဘယ်သူကမှ ယူဆောင်သွားနိုင်မှာမဟုတ်ဘူးလို့ နည်းပြဂွာဒီယိုလာက ပြောဆိုလိုက်ပါတယ်။ မန်စီးတီးဟာ ဘဏ္ဍာရေးစည်းမျဉ်းတ​ွေကို ချိုးဖောက်မှုပေါင်း ၁၀၀ ခန့်အထိ ပြုလုပ်ခဲ့တယ်လို့ စစ်ဆေးတွေ့ရှိခဲ့တာကြောင့် အရေးယူနိုင်တဲ့ အနေအထားနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ 

ဒီလိုအရေးယူခံရမှုမှာ သူတို့တွေ ပိုင်ဆိုင်ခဲ့တဲ့ ဆုဖလားတွေကို လွှဲပြောင်းပေးရနိုင်တယ်ဆိုတ​ဲ့ အချက်လည်းပါဝင်နေခဲ့ပါတယ်။ ဒီလိုသာဖြစ်လာခဲ့မယ်ဆိုရင် မန်စီးတီးဟာ အမှတ်ပေးဖလား ၆ လုံးအပါအဝင် အခြားဆုဖလားတွေကို လွှဲပြောင်းပေးရမှာ ဖြစ်ပြီး ဂွာဒီယိုလာက ဒီလိုမျိုး ဘယ်နည်းနဲ့မှ မဖြစ်ဘူးလို့ အခိုင်အမာပြောဆိုသွားခဲပါတယ်။ 

"အဲဒီအခိုက်အတန့်တွေကို ကျနော်တို့ပိုင်ဆိုင်တာပါ၊ သူတို့တွေ ကျနော်တို့ကို ဘယ်လိုပဲ စီရင်ချက်ချချ အဲဒါက ကျနော်တို့နဲ့ပဲ သက်ဆိုင်တာပါ၊ ၂၀၁၂ တုန်းက ဘာလော့တယ်လီလွဲချော်ပြီး အဂူရိုရဲ့ သွင်းဂိုးက ကျနော်တို့ပိုင်တာပါ၊ အန်ဖီးလ်မှာ စတီဗင်ဂျရတ် ခြေချော်လဲကျခဲ့တာကို ကျနော်တို့က တာဝန်ယူပေးရမှာလား၊ ကျနော်မသိပါဘူး၊ အဲဒါ ကျနော်တို့အမှားမှမဟုတ်တာ၊ သူ့ကို ကျနော်လေးစားပါတယ်၊ ဒါပေမယ့် အဲဒီအခိုက်အတန့်က ကျနော်တို့ပိုင်ဆိုင်တာပါ"

" ၂၀၀၉ နဲ့ ၂၀၁၀ မှာ ဖြစ်ပျက်ခဲ့တာတွေက တစက္ကန့်လေးမှတောင် ပြောင်းလဲမှာမဟုတ်ဘူး၊ ဒီနှစ်တွေမှာ အဲဒီအခိုက်တန့်တွေနဲ့ ကျနော်တို့ အတူတူရှိနေခဲ့တာပါ၊ ပရီးမီးယားလိဂ်က ဆုံးဖြတ်ပါလိမ့်မယ်၊ ဒါပေမယ့် ကျနော်သိတာကတော့ ကျနော်တို့ အနိုင်ရခဲ့တယ်ဆိုတာပါ၊ ကျနော်တို့ရဲ့ အားထုတ်မှုတွေနဲ့ပါ" လို့ ဂွာဒီယိုလာက ပြောဆိုခဲ့ကြောင်း The Guardian က ဖော်ပြခဲ့ပါတယ်။ 

"ကျနော်ပြောနိုင်တာက ကျနော့်အသင်းပိုင်ရှင်တွေအတွက် ဂုဏ်ယူတယ်၊ ကျနော့်ဥက္ကဌအတွက်၊ ပြီးတော့ သူတို့နဲ့ ကျနော့်ကြားက ဆက်ဆံရေးအတွက်ရောပေါ့၊ အဲဒီအချိန်တွေမှာ အတူတကွရှိနေခဲ့တာပါ" လို့ သူက ထပ်ပြောခဲ့ပါတယ်။ မန်စီးတီးကို အရေးယူဖို့အတွက် အသင်းအများအပြားက အလိုရှိနေကြတယ်လို့ သတင်းတွေထွက်နေပြီး ဘယ်လိုအရေးယူမှုတွေလုပ်မလဲဆိုတာကို စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က