အက်စတွန်ဗီလာကို ၀-၂ ဂိုးနဲ့ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့နောက် အမှတ်ပေးဇယားထိပ်ဆုံးကနေ ဖယ်ပေးလိုက်ရတာကြောင့် အာဆင်နယ်ပရိသတ်တွေဟာ အသင်းရဲ့ ဘယ်နောက်ခံလူ ဇင်ချန်ကို ဒေါသူပုန်ထနေကြောင်း သိရှိရပါတယ်။
အာဆင်နယ်ဟာ အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် လီယွန်ဘေလီ၊ ဝက်ကင်းစ်တို့ရဲ့ သွင်းဂိုးတွေကို ခွင့်ပြုခဲ့ရပြီး ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။ အဲ့ဒါကြောင့်လည်း မန်စီးတီးက အမှတ်ပေးဇယား ထိပ်ဆုံးကို ဦးဆောင်လိုက်ပြီး အာဆင်နယ်ကတော့ အဆင့် (၂) နေရာကနေ မန်စီးတီးနဲ့ (၂) မှတ်အကွာ အနေအထားမှာ ပြန်လည်ဖိအားပေးနေရပါတယ်။
အာဆင်နယ်ပရိသတ်တွေကတော့ ပွဲအပြီးမှာ အသင်းရဲ့ ဘယ်နောက်ခံလူ ဇင်ချန်ကို,ကို ဒေါသထွက်နေကြပြီး သူ့ရဲ့ ခြေစွမ်းအပေါ် အားမလိုအားမရဖြစ်နေကြပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ အာဆင်နယ်ပရိသတ်တွေက “ဇင်ချန်ကို,ကို ဒီရာသီမှာ အသင်းရဲ့ပွဲထွက်လူစာရင်းအတွက် ထပ်မမြင်ချင်တော့ပါဘူး။ တော်တော်ကို အသုံးမကျတဲ့ကောင်ပါ”
“ဇင်ချန်ကိုက စိတ်ပျက်စရာပါပဲ။ ဘာကြောင့် သူ့ရဲ့ နိုင်လိုစိတ်ပြင်းပြမှုတွေ ပျောက်ဆုံးသွားလဲ မသိပါဘူး” “ဇင်ချန်ကို,ကို ကွင်းထဲမှာ ထပ်မမြင်ချင်တော့ပါဘူး။ ကီဝီအောကိုသာ ပွဲထုတ်ကြပါ။ တိုမီယာဆုပဲဖြစ်ဖြစ်၊ ဒဏ်ရာရနေတဲ့ တင်မ်ဘာစ်ကိုပဲ ဖြစ်ဖြစ်ပေါ့” “အရိုးသားဆုံး ပြောရရင် ဇင်ချန်ကိုက ကမ္ဘာ့အဆိုးရွားဆုံး ဘယ်နောက်ခံလူပါ” လို့ ဝေဖန်ပြစ်တင်နေကြပါတယ်။
အာဆင်နယ်ရဲ့ ဘယ်နောက်ခံလူနေရာအတွက် ကီဝီအောရှိနေပေမယ့် အာတီတာကတော့ ဇင်ချန်ကို,ကို ဘယ်နောက်ခံလူနေရာမှာ ဦးစားပေး ကစားသမားအဖြစ် သတ်မှတ်ထားပုံပါပဲ။ ဒါ့အပြင် တိုမီယာဆုကိုလည်း ဘယ်နောက်ခံလူနေရာမှာ အသုံးပြုနိုင်ပြီး ဇင်ချန်ကိုအတွက်တော့ အာဆင်နယ်ကစားသမားဘဝမှာ ခက်ခဲတဲ့ အချိန်ကာလတွေကို ဖြတ်သန်းနေရတာပါ။