ဘရိုက်တန်ကို ဂိုးပြတ်ရှုံးခဲ့တာပါ။

အာဆင်နယ်ကတော့ မနေ့ညက ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ အိမ်ကွင်းမှာ သုံးဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆု မျှော်လင့်ချက်ကို လက်လွှတ်ခဲ့ရပြီဖြစ်ပါတယ်။ ဒီရှုံးပွဲကြောင့် အာဆင်နယ်တို့ မန်စီးတီးနဲ့ (၄) မှတ်ကွာဟသွားခဲ့ပါတယ်။



အဲ့ဒါကြောင့် လာမယ့်အပတ်မှာ ကစားမယ့် မန်စီးတီးနဲ့ ချဲလ်ဆီးပွဲမှာ မန်စီးတီးသာ အနိုင်ရရှိခဲ့ရင် မန်စီးတီးတို့ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်တော့မှာပါ။ ဒီပွဲမှာ အာဆင်နယ် ကစားသမားတွေက စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြဿနာရှိခဲ့ပြီး သူတို့စိတ်ထဲမှာ မန်စီးတီးကို ဘယ်လိုမှမကျော်နိုင်တော့ဘူးလို့ ယူဆထားတဲ့ ပုံစံမျိုးနဲ့ ကစားသွားခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း ပွဲရလဒ်က ဒီလောက်အထိ ပြတ်သားသွားခဲ့တာဖြစ်ပါတယ်။ တစ်ဦးချင်း အမှားအယွင်းတွေလည်း ကျူးလွန်ခဲ့ပြီး ပွဲပြီးခါနီးမှာ ဆက်တိုက်ပေးလိုက်ရတဲ့ နှစ်ဂိုးကြောင့်လည်း အာဆင်နယ်တို့ အိမ်ကွင်း အမ်းမရိတ်စ်မှာ ဒီလောက်အထိ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

ဒီပွဲမှာ ဘရိုက်တန်အတွက် ဂိုးတွေကို အန်စီယို၊ အန်ဒက်ဗ်နဲ့ နောက်ခံလူ အက်စတူပီနန်တို့က သွင်းယူပေးခဲ့ကြပါတယ်။ ဘရိုက်တန်ကတော့ ဒီနိုင်ပွဲကြောင့် ဥရောပဝင်ခွင့် မျှော်လင့်ချက်ပါ အားကောင်းသွားခဲ့ပြီး ဘရိုက်တန်နည်းပြ ဒီဇာဘီကလည်း သူ့ရဲ့ ပြောစကားအတိုင်း အာဆင်နယ်နဲ့ပွဲမှာ သူတို့ရဲ့ ပုံစံအစစ်အမှန်ကို ပြသသွားခဲ့တာပါ။

ပြီးခဲ့တဲ့အပတ်က အဲဗာတန်ကို ၁-၅ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးနောက် ဘရိုက်တန်နည်းပြ ဒီဇာဘီက အာဆင်နယ်နဲ့ပွဲမှာ ဘရိုက်တန်ဘာလဲဆိုတာကို သက်သေပြမယ်လို့ ပြောကြားခဲ့ပါတယ်။ အခု တကယ်တမ်း ပွဲကစားချိန်မှာလည်း အာဆင်နယ်တို့ ဘရိုက်တန်ရဲ့ ပုံစံမျိုးစုံနဲ့ ထိုးနှက်ခြင်းကို ခံခဲ့ရပြီး ချန်ပီယံဆု မျှော်လင့်ချက်ပါ လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ်ပရိသတ်တွေကတော့ ပွဲမပြီးခင်မှာတင် ကွင်းအတွင်းက ထပြန်ခဲ့ကြတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ အာတီတာကတော့ ပရီးမီးယားလိဂ် နောက်ဆုံး (၇) ပွဲမှာ နိုင်ပွဲ (၂) ပွဲသာ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ဒီလိုပုံစံမျိုးနဲ့ ချန်ပီယံဆုကို လက်လွှတ်လိုက်ရတာက မထူးဆန်းဘူးလို့ပဲ ဆိုရမှာပါ။ 

Share

Loading Next Article...
က္က