မော်ရင်ဟိုရဲ့ ဖီနာဘာချီကတော့ ချန်ပီယံလိဂ်ခြေစစ်ပွဲမှာ နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပါပြီ။ ဖီနာဘာချီက မနေ့ညက လူဂါနိုကို အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့ပြီး နောက်ကျဂိုးနဲ့အတူ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ပထမအကျော့မှာလည်း မော်ရင်ဟိုရဲ့ အသင်းက အဝေးကွင်းမှာ ၃-၄ ဂိုးနဲ့ အနိုင်ရထားတာပါ။ ဒါပေမယ့် ဒုတိယအကျော့အိမ်ကွင်းမှာတော့ ဖီနာဘာချီက လူဂါနိုရဲ့ ဦးဆောင်ဂိုးသွင်းခြင်းကို ခံခဲ့ရပါတယ်။
ဒုတိယပိုင်းမှာတော့ ဂျက်ကိုက ချေပဂိုးသွင်းပေးခဲ့သလို မိနစ် (၉၀) ရဲ့ နာကျင်အချိန်ပိုမှာ ဇိုင်မန်စကီးက ဖီနာဘာချီအတွက် အနိုင်ဂိုးသွင်းပေးခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ဖီနာဘာချီတို့ နှစ်ကျော့ပေါင်း ၆-၄ ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိကာ ချန်ပီယံလိဂ်ခြေစစ်ပွဲမှာ နောက်တစ်ဆင့် တက်ခဲ့ပါတယ်။
ဖလားပွဲတွေဆိုရင် တစ်ပွဲထိုးနည်းဗျူဟာတွေ၊ တစ်ကွက်ကောင်းတွေနဲ့ အဆင်ပြေနေကျ မော်ရင်ဟိုကတော့ ဖီနာဘာချီကိုလည်း ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်အတွက် အကောင်းဆုံးစွမ်းဆောင်ပေးနေတာပါ။ နောက်တစ်ဆင့်မှာတော့ ဖီနာဘာချီက ပြင်သစ်ကလပ် လိုင်လီနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။