ဖလာမင်ဂိုနဲ့အတူ ဆုဖလားဆွတ်ခူးနိုင်ခဲ့တာပါ။

ဘရာဇီးလ်ပြည်တွင်းလိဂ်ရဲ့ လိဂ်ဖလားပြိုင်ပွဲဖြစ်တဲ့ Copa do Brasil ဖလားကိုတော့ ဖလာမင်ဂိုအသင်းက ကိုရင်သီယန်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရဗိုလ်စွဲသွားခဲ့ပါတယ်။ နှစ်ကျော့ပေါင်းရလဒ် သရေတွေပဲဖြစ်နေခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရတာဖြစ်ပြီး ပင်နယ်တီမှာ ၆-၅ နဲ့ ဖလာမင်ဂိုက အနိုင်ရရှိခဲ့တပါ။ 

ဒီလိုဆုဖလားဆွတ်ခူးပြီး အောင်ပွဲခံခဲ့ပြီးနောက် ဖလာမင်ဂိုအသင်းခေါင်းဆောင် ဒီယေဂိုက ဗိုလ်လုပွဲယှဉ်ပြိုင်ကစားခဲ့ရာ Maracana ကွင်းရဲ့ သန့်ရှင်းရေးဝန်ထမ်းတွေကို ခေါ်ယူခဲ့ပြီး ဆုဖလားနဲ့အတူ အောင်ပွဲခံပ​ေးခဲ့ပါတယ်။ ဝါဒါဘရီမင်ကစားသမားဟောင်းကြီးဟာ ကွင်းဝန်ထမ်းတွေကို တကူးတကဖိတ်ခေါ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ ဖိတ်ခေါ်မှုကြောင့် သန့်ရှင်းရေးဝန်ထမ်းတွေလည်း တော်တော်လေးပျော်ရွှင်ခဲ့ကြပြီး အတူတကွဓာတ်ပုံရိုက်အောင်ပွဲခံခဲ့မှုက ဆိုရှယ်မီဒီယာပေါ်မှာ ရေပန်းစားခဲ့ပါတယ်။ 



ဒီယေဂိုက ဆုဖလားကြီးကို ကိုင်ဆောင်ပြီး ဝန်ထမ်းတွေကို လာရောက်ခဲ့လို့ ဖိတ်ခေါ်ခဲ့ပြီး အားလုံးကလည်း တက်တက်ကြွကြွနဲ့ ပါဝင်အောင်ပွဲခံခဲ့ပုံက တကယ်ကြည်နူးဖွယ်ရာကောင်းခဲ့ပါတယ်။ ဘောလုံးသမားတွေ အဆင်ပြေပြေနဲ့ ကစားနိုင်အောင် ကူညီဖန်တီးပေးနေတဲ့ သန့်ရှင်းရေးဝန်ထမ်းတွေကို ပစ်ပယ်မထားခဲ့တဲ့ ဒီယေဂိုရဲ့ လုပ်ရပ်ကိုလည်း အားလုံးက ချီးကျူးခဲ့ကြပါတယ်။ 

ဒီယေဂိုက "ဒီရာသီမှာ ကျနော်တို့က သန်မာတောင့်တင်းတဲ့အစုအဖွဲ့ဖြစ်တယ်ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်၊ နည်းပြကလည်း အသင်းကို အကောင်းဆုံးကိုင်တွယ်ပေးခဲ့ပြီးတော့ အဝတ်လဲခန်းထဲမှာ ဒါကို ကျနော်တို့ အလေးထားပြောဆိုခဲ့ကြတယ်၊ ကွင်းထဲဝင်ချိန်မှာ ပရိသတ်တ​ွေက ချန်ပီယံဆိုပြီး အော်ဟစ်အားပေးနေကြပါပြီ၊ ဒါကြောင့် ကျနော်တို့ ချန်ပီယံဖြစ်ဖို့ လိုအပ်နေခဲ့ပါတယ်" လို့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။ 

Share

Loading Next Article...
က္က