ဗီလာကို ၀-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။

အာဆင်နယ်နည်းပြ အာတီတာက အသင်းသားတွေအနေနဲ့ ချန်ပီယံဆုအတွက် ကိုယ့်ကိုယ်ကိုယ် ဆက်လက်ပြီး ယုံကြည်ထားကြဖို့ တွန်းအားပေး ပြောကြားသွားခဲ့ပါတယ်။ အာဆင်နယ်ဟာ မနေ့ညက အက်စတွန်ဗီလာကို ၀-၂ ဂိုးနဲ့ အိမ်ကွင်းမှာ အရေးနိမ့်ခဲ့တာပါ။



အဲ့ဒီပွဲရလဒ်ကြောင့် အာဆင်နယ်တို့ အမှတ်ပေးဇယား ဦးဆောင်ခွင့်ကို မန်စီးတီးထံ လွှဲပြောင်းပေးလိုက်ရပါတယ်။ အာဆင်နယ်ဟာ လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် (၂) နေရာမှာ မန်စီးတီးရဲ့နောက် (၂) မှတ်အကွာ အနေအထားကို ရောက်ရှိနေခဲ့ပါတယ်။

ဗီလာကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာတော့ အာတီတာက “အခုချိန်က လက်တွေ့ကျကျ လုပ်ရမယ့် အချိန်ပါ။ ဒီလိုအခိုက်အတန့်မျိုးတွေ ရောက်လာနိုင်တာကို ကျွန်တော်တို့ သိခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်က ရှေ့ဆက်တိုက်ပွဲဝင်ပြီး ယုံကြည်ချက်ကို ဆက်ထိန်းသိမ်းထားဖို့ပါပဲ။ ဒီရာသီအတွက် အကောင်းဆုံး ပထမပိုင်း ကစားပုံတွေထဲက တစ်ခုကို ပြသခဲ့ပါတယ်”

“သုံးဂိုး၊ လေးဂိုးလောက်အထိ ကျွန်တော်တို့ ရခဲ့သင့်တာပါ။ ဒါပေမယ့် မဖြစ်လာတဲ့နောက် ဒုတိယပိုင်းမှာတော့ ပွဲအရှိန်က ပြောင်းလဲသွားခဲ့ပါတယ်။ ကျွန်တော်တို့ စိတ်ပျက်ဖို့ကောင်းတဲ့ နှစ်ဂိုးကို ပေးလိုက်ရပါတယ်။ အခုချိန်က ခေါင်းဆောင်တစ်ယောက်အနေနဲ့ မားမားမတ်မတ် ရပ်တည်ရမယ့် အချိန်ပါ။ ကျွန်တော်တို့အတွက် ကြီးမားတဲ့ စမ်းသပ်မှုလည်း ဖြစ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်ဟာ လာမယ့်ကြားရက်မှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့အဖြစ် ဘိုင်ယန်မြူးနစ်နဲ့ အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရဦးမှာပါ။ ဒီနှစ်သင်း ပထမအကျော့ အမ်းမရိတ်စ်မှာ တွေ့ဆုံခဲ့တုန်းကတော့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့ပါတယ်။

Share

Loading Next Article...
က္က