ဒရော့ဘာကိုယ်တိုင်လည်း စိတ်တိုင်းမကျဖြစ်နေခဲ့တာပါ။

အမေရိကန်နဲ့ပွဲမှာ ဖီးလ်ဖိုဒန်ကို ချန်ထားခဲ့ပြီး ပွဲကစားခွင့်မပေးခဲ့တဲ့ နည်းပြဆောက်ဂိတ်ကို ဒရော့ဘာက ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်လိုက်ပါတယ်။ ဆောက်ဂိတ်ဟာ ဖိုဒန်ကို လူစားထည့်သွင်းကစားခြင်းတောင်မလုပ်ခဲ့လို့ ဝေဖန်ခံနေရပြီး အင်္ဂလန်ရဲ့ အကောင်းဆုံးကစားသမားတဦးကို ချန်လှပ်ထားခဲ့ရတဲ့အကြောင်းရင်းအတွက် မေးခွန်းထုတ်ခံနေရပါတယ်။ 

ဒီအတွက် ဆောက်ဂိတ်က ပြန်လည်ပြီး ဖြေရှင်းခဲ့ပေမယ့်လည်း ပရိသတ်တွေကတော့ ကျေနပ်ခြင်းမရှိတာဖြစ်ပါတယ်။ ဂိုးမရှိသရေကျနေချိန်မှာ ဆောက်ဂိတ်က ဟန်ဒါဆန်နဲ့ ဂရီလစ်ရှ်ကိုထည့်သွင်းခဲ့ပြီး ဖိုဒန်ကိုတော့ ထိုင်မြဲတိုင်းထိုင်စေခဲ့ပါတယ်။ ဖိုဒန်ကိုယ်တိုင်လည်း ဝင်ကစားခွင့်မရတဲ့အတွက် စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ပြီး ဒရော့ဘာကတော့ တောင်အမေရိကအသင်းတသင်းမှာသာဆိုရင် ဆောက်ဂိတ်ထုတ်ပယ်ခံရလိမ့်မယ်လို့ ပြောသွားခဲ့ပါတယ်။

"ကျနော်သာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌဆိုရင် ဆောက်ဂိတ်ကို ခေါ်ပြီးတော့ ဒီလိုပြောဖြစ်လိမ့်မယ်၊ အာဂျင်တီးနားက မက်ဆီ၊ ပေါ်တူဂီက ရော်နယ်ဒိုတို့ကို အသုံးမပြုဘဲ နေတာမျိုး တွေ့ဖူးလား၊ ပြင်သစ်က ဘတ်ပီ၊ ဘရာဇီးလ်က နေမာကို အသုံးမပြုတာ ခင်ဗျားတွေ့ဖူးလား၊ သူတို့တွေ ဒဏ်ရာရတဲ့အချိန်ကလွဲရင် ပွဲတိုင်းကို ဝင်ကန်နေရတာ၊ ခင်ဗျားက ဘာလို့ ခင်ဗျားရဲ့အကောင်းဆုံးကစားသမား (ဖိုဒန်) ကို ချန်ထားရတာလဲ"

"အာဂျင်တီးနားမှာသာဆိုရင် မနက်ဖြန်အိပ်ယာနိုးချိန်မှာ မက်ဆီကို အသုံးမပြုလို့ နည်းပြကိုထုတ်ပယ်ပြီး လက်ထောက်နည်းပြနဲ့ ဆက်သွားမယ်ဆိုတာမျိုး တွေ့ရလိမ့်မယ်၊ ဘောလုံးက တောင်အမေရိကမှာ ပျော်ပွဲစားမဟုတ်ဘူးဗျ၊ သူတို့အဖွဲ့ချုပ်တွေက နည်းပြနဲ့ သူငယ်ချင်းလုပ်နေတာမဟုတ်ဘူး၊ ခင်ဗျားကို ထုတ်ပစ်မှာ၊ ဒီကောင်လေးက သူ ဘာလုပ်နိုင်တယ်ဆိုတာကို ခဏခဏသက်သေပြပြီးသား"

"မန်စီးတီးအတွက်လည်းဂိုးတွေသွင်းပြီး ဖန်တီးပေးနေတယ်၊ မက်ဒီဆန်ဆိုရင်လည်း ပုံစံကောင်းရှိနေပြီး ဆောက်ဂိတ်က သူ့ကိုလျစ်လျူရှုတယ်လို့ ပြောနေကြတာက အမှန်တရားပဲ၊ ဒီလိုကစားသမားတွေကို ကိုင်တွယ်ဖို့ ဆောက်ဂိတ်က အသင့်မဖြစ်သေးဘူးဗျ" လို့ ဒရော့ဘာက ပြောဆိုသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က