ဖိုဒန်ကြောင့် ပင်ပ်ငပန်းပန်းကစားခဲ့ရတာကို ဆိုလိုတာပါ။

မန်စီးတီးကစားသမား ဖိုဒန်ရဲ့ တောက်လျှောက်ဖိအားပေးမှုကို ခံခဲ့ရပြီး မထိန်းနိုင်မသိမ်းနိုင်ဖြစ်ခဲ့ရတာကို ရွိုင်ကိန်းက တင်စားပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။ 


မနေ့က ကစားခဲ့တဲ့ လီဗာပူးလ်နဲ့ မန်စီးတီးတို့ပွဲစဉ်အပြီးမှာ လီဗာပူးလ်နောက်ခံလူဂျိမ်းစ်မီလ်နာကို လူနာတင်ယာဉ်နဲ့တောင် အိမ်ပြန်ရလိမ့်မယ်လို့ ဝေဖန်သုံးသပ်သူ ရွိုင်ကိန်းက အရွှန်းဖောက်ပြောဆိုလိုက်ပါတယ်။ မန်စီးတီးကစားသမား ဖိုဒန်ရဲ့ တောက်လျှောက်ဖိအားပေးမှုကို ခံခဲ့ရပြီး မထိန်းနိုင်မသိမ်းနိုင်ဖြစ်ခဲ့ရတာကို ရွိုင်ကိန်းက တင်စားပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။ 



မီလ်နာကတော့ အာနိုးလ်မကစားနိုင်တာကြောင့် ညာခြမ်းခံစစ်ကို တာဝန်ယူခဲ့ရတာဖြစ်ပြီး ဖိုဒန်နဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရပါတယ်။ ဖိုဒန်က မန်စီးတီးအတွက် အရေးပါတဲ့ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့သလို တိုက်စစ်ပိုင်းအတွက်လည်း အထောက်အကူဖြစ်အောင် ကစားပေးနိုင်ခဲ့ကာ မီလ်နာတစ်ယောက် ခက်ခက်ခဲခဲထိန်းသိမ်းခဲ့ရပြီး ဟန့်တားဖို့မလွယ်ကူနိုင်ဖြစ်ခဲ့ရကာ တော်တော်လေးပင်ပန်းခဲ့ရတဲ့ ပွဲဖြစ်ခဲ့ပါတယ်။ 

ဒါကြောင့်လည်း ရွိုင်ကိန်းက "ထူးချွန်တယ်၊ ဖိုဒန်က ရင့်ကျက်မှုလည်းကောင်းလာပြီ၊ သူ နောက်တဆင့်ကိုတက်တော့မယ်လို့ ပြီးခဲ့တဲ့နှစ်တွေက ပြောခဲ့ဖူးပါတယ်၊ သူလုပ်ပြနေတာတွေက ရှင်းရှင်းလေးပါ၊ အခုဆိုရင် အဲဒါကို ပုံမှန်ထက်ပိုပြီးတော့တောင် လုပ်ပြနေပါပြီ၊ ယုံကြည်မှုလည်းရှိတယ်၊ တကယ်ကောင်းမွန်တဲ့ကစားသမားတွေ၊ ကမ္ဘာ့အကောင်းဆုံးနည်းပြနဲ့ အလုပ်အတူတူတွဲလုပ်နေရတော့ အခုလို တိုးတက်လာတာပေါ့"

"သူနဲ့ပတ်သက်သမျှအရာအားလုံးက အရည်အသွေးတွေချည်းပါပဲ၊ ဘောလုံးထိချက်၊ ဆုံးဖြတ်ချက်၊ ပွဲကြီးတွေမှာ အကျိုးသက်ရောက်မှု၊ သွင်းဂိုးတစ်ဂိုးနဲ့ ဖန်တီးပေးမှုတွေနဲ့ လူငယ်ကစားသမားတွေဆီက လိုချင်တဲ့အရာတွေအားလုံး သူ့မှာရှိနေပါတယ်၊ သူ့ နောက်ကျောကိုမြင်ရတာကိုပဲ မီလ်နာဝမ်းသာနေပါလိမ့်မယ်၊ ဒီညတော့ သူ လူနာတင်ယာဉ်နဲ့ အိမ်ပြန်မယ်လို့ ကျွန်တော်ထင်တယ်၊ ဒီကောင်လေးမှာ စစ်မှန်တဲ့အရည်အသွေးတွေရှိပါတယ်" လို့ Sky Sports ကတဆင့် ပြောဆိုသွားခဲ့ပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

က္က