အမြတ်အစွန်းအနေနဲ့ ဈေးကွက်ရဲ့ ၇၅% အထိ ကြီးစိုးခဲ့တာပါ

စမတ်ဖုန်းလောကမှာ အမြတ်ကျန်ဆုံးက Apple ပါပဲ။

၂၀၂၁ ဒုတိယသုံးလပတ် ကမ္ဘာ့စမတ်ဖုန်းတင်ပို့မှုအရ iPhone တွေဟာ ဈေးကွက်ဝေစုရဲ့ ၁၃% ပဲ ရှိခဲ့ပေမယ့် အမြတ်အစွန်းအများဆုံး ဖြစ်ခဲ့တယ်လို့ CounterPoint Research က ဆိုပါတယ်။ ဒီနှစ် Q2 မှာ Apple ရဲ့ iPhone ရောင်းချမှုဟာ ကမ္ဘာ့စမတ်ဖုန်းဈေးကွက် ဝင်ငွေတစ်ခုလုံးရဲ့ ၄၀% ရှိခဲ့ပြီး လုပ်ငန်းလည်ပတ်ဖို့ အမြတ်အစွန်းအနေနဲ့ ၇၅% အထိ ကြီးစိုးခဲ့တယ်လို့ Counterpoint အချက်အလက်တွေက ဖော်ပြခဲ့ပါတယ်။ 





ဒါတောင် အရင် ၂၀၂၀ စတုတ္ထသုံးလပတ် ဝင်ငွေကို မမှီသေးဘူးလို့ ဆိုပါတယ်။ Counterpoint ရဲ့ အဆိုအရ ၂၀၂၀ Q4 မှာ iPhone တွေဟာ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်တစ်ခုလုံးရဲ့ ဝင်ငွေ ၅၀% အထိ လွှမ်းခြုံထားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ၂၀၂၀ စတုတ္ထသုံးလပတ်ဟာ Apple အတွက် စံချိန်တင် အမြတ်ရခဲ့တဲ့သုံးလပတ်ဖြစ်ပြီး ကမ္ဘာ့ဖုန်းဈေးကွက်တစ်ခုလုံးရဲ့ အမြတ် ၈၆% ကို iPhone တွေက သိမ်းကျုံးယူသွားခဲ့တာပါ။ 

၂၀၂၀ ထွက် iPhone 12 series မှာ သုံးခဲ့တဲ့ ပစ္စည်းအစိတ်အပိုင်းတန်ဖိုးဟာ ဒီနှစ်ထွက် iPhone 13 တွေထက် ဒေါ်လာ ၂၀ ဈေးပိုသက်သာပြီး ရောင်းဈေးအနေနဲ့ iPhone 13 series နဲ့ အတူတူထား ရောင်းခဲ့တာပါ။ TechInsights မှာ ဖော်ပြခဲ့တဲ့ သတင်းအရ iPhone 12 Pro အတွက် ထုတ်လုပ်ရေးစရိတ်ဟာ ၅၄၈.၅၀ ဒေါ်လာကျသင့်ပြီး iPhone 13 Pro မှာ ဒေါ်လာ ၅၇၀ နှုန်း ကျသင့်တယ်လို့ ဆိုပါတယ်။ 

၂၀၂၀ Q4 ကာလဟာ 5G ချိတ်ဆက်မှုပါတဲ့ ပထမဆုံး iPhone တွေ ထွက်ခဲ့တဲ့ သုံးလပတ်ဖြစ်တာကြောင့်လည်း ဝင်ငွေနဲ့ အမြတ်အစွန်းဟာ မကြုံဖူးအောင် ရခဲ့တာ ဖြစ်ပါတယ်။ iPhone ကိုင်သူတွေ လက်ပ်တော့ နဲ့ တက်ဘလက်ဝယ်မယ်ဆိုရင် Apple Devices တွေ ဖြစ်တဲ့ Macbook နဲ့ iPad တို့ကို ဝယ်ဖြစ်အောင် Apple ecosystem ကလည်း တိုက်တွန်းလှုံ့ဆော်ထားပါတယ်။ 

Photo: Apple

Apple ဟာ ပရီမီယံစမတ်ဖုန်းတွေပဲ ရောင်းချတာကြောင့် အမြတ်အစွန်းတွေ နင့်နေအောင် ရနေတာပါ။ အန်းဒရိုက်စမတ်ဖုန်းအမှတ်တံဆိပ်အများစုကတော့ တန်ဖိုးသင့်တဲ့ဖုန်းတွေ ထုတ်တာကြောင့် အမြတ်အစွန်း သိပ်မရသလို အရှုံးပြတာတွေတောင် ရှိနေတယ်လို့ ဆိုပါတယ်။ Apple ဟာ ဒေါ်လာ ၄၀၀ နဲ့ အထက် စမတ်ဖုန်းဈေးကွက်မှာ ရှယ်ယာ ၅၇% ပိုင်ဆိုင်ထားပါတယ်။ 

Share

Loading Next Article...
က္က