Meizu ရုံးချုပ်တွေမှာလည်း All In Auto ဆိုတဲ့ စာသားနဲ့ ပိုစတာကြီးတွေချိတ်ဆွဲထားတာ တွေ့ရပါတယ်။

တရုတ်ပြည်ရဲ့ ပထမဆုံးဖုန်းထုတ်လုပ်သူတွေထဲကတစ်ဦးဖြစ်ခဲ့တဲ့ Meizu ဟာ အခုတော့ ထိပ်တန်းလျှပ်စစ်ကားကုမ္ပဏီပိုင်လုပ်ငန်းတစ်ခု ဖြစ်သွားပြီ ဖြစ်ပါတယ်။ 

၂၀၀၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ဒီကုမ္ပဏီဟာ နှစ်စဉ် ဖုန်းအလုံးရေ ၁၀ သန်း ရောင်းချနိုင်ခဲ့ရာကနေ နောက်ပိုင်းမှာ တစ်နှစ်ကို ဖုန်းအလုံးရေ ၁ သန်းပဲ ရောင်းချနိုင်တဲ့အခြေအနေအထိ ထိုးကျသွားခဲ့ပါတယ်။ မကြာသေးခင်ကပဲ Meizu ဟာ Xingji Shidai Technoogy လို့ခေါ်တဲ့ ဖုန်းကုမ္ပဏီတစ်ခုရဲ့ လက်ထဲ ရောက်သွားခဲ့ပါတယ်။ Xingji Shidai Technology ကို Geely လျှပ်စစ်ကားကုမ္ပဏီရဲ့ ဥက္ကဌ အဲရစ်လီက တည်ထောင်ထားတာ ဖြစ်ပြီး အခုတော့ သူဟာ Meizu ရဲ့ ၇၉% ကို ပိုင်ဆိုင်သွားပြီ ဖြစ်ပါတယ်။ 



Photo : GSMArena


ပိုင်ရှင်သစ်လက်ထဲမှာ ဦးတည်ချက်သစ်နဲ့ လျှောက်လှမ်းမယ့် Meizu ဟာ ထုတ်ကုန်ပိုင်း အသစ်ပြောင်းလိုက်သလို ပုံရိပ်သစ်ပြောင်းဖို့လည်း လုပ်နေပါတယ်။ Meizu ရဲ့ ဒုဥက္ကဌကတော့ သူ့ရဲ့ Weibo ပေါ်က Followers တွေကို Meizu စတိုးရဲ့ ဒီဇိုင်းသစ်နဲ့ ပတ်သက်ပြီး အမြင်တွေ မေးထားတာ ရှိပါတယ်။ Meizu Flagship Store တွေဟာ သိသိသာသာပိုကြီးလာသလို အထဲမှာ ကားတွေပါ အရောင်းပြဖို့ လုပ်ထားတာ တွေ့ရပါတယ်။

လောလောဆယ်တော့ Meizu ဟာ ကိုယ်ပိုင်ကားထုတ်ဖို့ အစီအစဉ် မရှိသေးပါဘူး။ Meizu အရောင်းပြခန်းတွေမှာ Geely ကားတွေကို အရောင်းပြပြီး အရောင်းဝန်ဆောင်မှုအပြည့်အစုံပေးသွားဖို့ပဲ ရှိပါတယ်။ Meizu ကနေ ကားပိုင်းအတွက် အသစ်ခေါ်နေတဲ့ အလုပ်နေရာတွေကလည်း Meizu ရဲ့ သွားမယ့်လမ်းကြောင်းကို ဖော်ပြနေပါတယ်။ Zhuhai မှာရှိတဲ့ Meizu ရုံးချုပ်တွေမှာလည်း All In Auto ဆိုတဲ့ စာသားနဲ့ ပိုစတာကြီးတွေချိတ်ဆွဲထားတာ တွေ့ရပါတယ်။ 

Photo : GSMArena


Meizu ရဲ့ ပိုင်ရှင်သစ်ဖြစ်လာတဲ့ Xingji ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲမှာ တည်ထောင်ခဲ့တာ ဖြစ်ပြီး တန်ဖိုးမြင့်စမတ်ဖုန်းတွေ ဒီဇိုင်းဆွဲ ထုတ်လုပ်ဖို့ ပစ်မှတ်ထားတာပါ။ ဝူဟန်အခြေစိုက် Xingji ကနေ တန်ဖိုးမြင့်ဖုန်းတွေ ထုတ်လုပ်နိုင်ဖို့ ယွမ် ၇၁၅ သန်း (ဒေါ်လာ ၁၁၃ သန်း) ရင်းနှီးမတည်ထားပါတယ်။ ဒီကုမ္ပဏီကို Geely ဥက္ကဌ အဲရစ်လီက ထိန်းချုပ်ထားပြီး ZTE ဥက္ကဌဟောင်း ဝမ်ယောင်က လုပ်ငန်းကို ဦးစီးသွားမှာပါ။ 

Xingji Shidai Technology ကုမ္ပဏီသစ်ဟာ မိုဘိုင်းဖုန်း မူပိုင်ခွင့် နှစ်ခုနဲ့ AR Glasses မျက်မှန်မူပိုင်ခွင့်တစ်ခုလည်း ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်ဖို့လည်း စီမံကိန်းတွေ ချထားပြီး လောလောဆယ်မှာတော့ ကုမ္ပဏီရဲ့ ပထမဆုံးထုတ်ကုန်ကို တီထွင်ကြံဆဆဲအခြေအနေမှာပဲ ရှိသေးတာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ပထမဆုံးထုတ်ကုန် ထုတ်နေစဉ်အတွင်းမှာ Meizu ရဲ့ ဝင်ငွေကို Geely ကားတွေ ရောင်းချမှုကနေ မြှင့်တင်ဖို့ လုပ်ဆောင်နေပါတယ်။ 

ဝယ်ယူသူတွေအနေနဲ့ Meizu အရောင်းပြခန်းကို ဖုန်းဝယ်ဖို့လာရင်း ကားကြည့်နိုင်သလို ကားဝယ်ဖို့လာရင်းလည်း ဖုန်းအသစ်ထွက်တာ စမ်းကြည့်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် Meizu ကတော့ တစ်နည်းနည်းနဲ့ ငွေရှာတော့မှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က