အမြွှာလို့တောင် တင်ရပါတယ်။

တောင်ကိုရီးယားနိုင်ငံသား၊ အထက်တန်းကျောင်းသားလေးတစ်ဦးဟာ နာမည်ကြီး ကိုရီးယားမင်းသား Park Bo Gum နဲ့ ခွဲမရအောင်တူနေတာကို တွေ့ရှိရပါတယ်။

 

သူ့နာမည်က Kim Min Seo ပါ။ အထက်တန်းကျောင်းသားလေးဖြစ်တဲ့ Kim Min Seo ဟာ Park Bo Gum နဲ့တူတာကြောင့် အင်စတာဂရမ်မှာ Follower လေးသောင်းခန့်ရှိနေပါပြီ။

Park Bo Gum နဲ့ ခွဲမရအောင်တူတဲ့ သူ့ရဲ့ပုံတစ်ပုံ ပြန့်သွားပြီးတဲ့နောက် KIm Min Seo ဟာ လူမှုကွန်ရက်မှာ ရုတ်ချည်း နာမည်ကြီးသွားပါတယ်။  သူဟာ Busan မှာရှိတဲ့ Sindo အထက်တန်းကျောင်းမှာ ကျောင်းတက်နေတဲ့ အသက် ၁၇ နှစ်အရွယ် ကျောင်းသားလေးပါ။

 

ဘယ်ပုံပဲကြည့်ကြည့် Park Bo Gum နဲ့ ခွဲမရအောင်တူနေတာက အံ့သြစရာပါပဲ။ တစ်ယောက်တည်းပုံတွေသာမက သူငယ်ချင်းတွေနဲ့ အပျော်ရိုက်ထားတဲ့ ပုံတွေမှာလည်း Park Bo Gum ကိုယ်တိုင်လိုပါပဲ။

အခုဆိုရင် Kim Min Seo အကြောင်းကို ကိုရီးယားမီဒီယာတွေမှာ ဖော်ပြလာပြီး အားလုံးကလည်း မင်းသား Park Bo Gum နဲ့ အလွန်တူကြောင်း ပြောနေကြပါတယ်။

 

Kim Min Soe က Park Bo Gum နဲ့ ဘယ်လောက်ထိ တူလဲဆိုတာ ကိုယ်တိုင်ကြည့်ချင်ရင်တော့ အင်စတာဂရမ်မှာ kms02.02 ကို ကိုယ်တိုင်ဝင်ကြည့်လိုက်ပါနော်။

Share

Loading Next Article...
က္က