ရုရှားလက်ရွေးစင်အသင်းခေါင်းဆောင်ကို မိုင်ကိုလန်ကိုက ပြင်းပြင်းထန်ထန် ပြောခဲ့တာပါ။

အဲဗာတန် နောက်ခံအစွန်လူ ယူကရိန်းလူမျိုး မိုင်ကိုလန်ကိုဟာ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ်နဲ့ ပတ်သက်လို့ ဘာတခွန်းမှ တုံ့ပြန် ဆန့်ကျင်တာမျိုးမရှိတဲ့ ရုရှားလက်ရွေးစင်အသင်းခေါင်းဆောင်ကို ပြင်းပြင်းထန်ထန် ဝေဖန်ထိုးနှက်လိုက်ပါတယ်။ ရုရှားသမ္မတ ပူတင်ရဲ့ ယူကရိန်းကို ကျူးကျော်နေတာနဲ့ ပတ်သက်လို့ ရုရှားလက်ရွေးစင် ကစားသမား စမိုလော့ဗ်က အစောဆုံး ကန့်ကွက်ခဲ့ပါတယ်။



ဒါပေမယ့် ရုရှားလက်ရွေးစင် အသင်းခေါင်းဆောင် ဒီဇူးဘားကတော့ အခုချိန်ထိ ပါးစပ်ပိတ်နေဆဲဖြစ်ပြီး ဒီအပေါ်မှာ မိုင်ကိုလန်ကိုတယောက် တော်တော်ပေါက်ကွဲနေတာပါ။ မိုင်ကိုလန်ကိုဟာ ပြီးခဲ့တဲ့ဆောင်းရာသီ အပြောင်းအရွှေ့မှာ ဒိုင်နမိုကိဗ်ကနေ အဲဗာတန်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ အင်စတာဂရမ်မှာ မိုင်ကိုလန်ကိုက ဒီဇူးဘားကို “သုံးစားမရတဲ့ဦးနှောက်နဲ့မင်းက အခုချိန်ထိ ဘာလို့ ပါးစပ်ပိတ်နေရတာလဲ သောက်တလွဲကောင်ရဲ့။ အခုဆိုရင် ယူကရိန်းမှာ အေးအေးချမ်းချမ်းနေထိုင်တဲ့ ပြည်သူတွေက အသတ်ခံနေရပြီ”

“မင်းရဲ့လက်ကျန်ဘဝနဲ့ မင်းသားသမီးတွေရဲ့ ဘဝကတော့ ထောင်ထဲမှာ သော့ပိတ်ခံထားရပြီပဲ။ ငါ ဝမ်းသာပါတယ်” လို့ ရေးသားခဲ့ပါတယ်။ ရုရှားအားကစားလောကရဲ့ ကြယ်ပွင့်အချို့ဟာ ပူတင်ရဲ့ကျူးကျော်စစ်အပေါ် ဆန့်ကျင်နေတယ်ဆိုကြပေမယ့် ဘောလုံးအသင်းဘက်မှာတော့ စမိုလော့ဗ်တယောက်သာ လူသိရှင်ကြား ပြောဆိုခဲ့ပါသေးတယ်။

မိုင်ကိုလန်ကို အခုလိုမပေါက်ကွဲခင်မှာ မန်စီးတီးရဲ့ ယူကရိန်း လက်ရွေးစင် ဇင်ချန်ကိုက ပူတင်ကို အသေဆိုးနဲ့ သေသွားဖို့ မျှော်လင့်တဲ့အကြောင်း အင်စတာဂရမ်မှာ ရေးသားခဲ့ပါသေးတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဒီအကြောင်းအရာကို အင်စတာဂရမ်က ဖျက်ချခဲ့ပြီး ဒါကိုလည်း ဇင်ချန်ကိုက အတည်ပြုပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က