ဒါရင်းဘန့်ကတော့ ရက်ရက်စက်စက်ပြောချလိုက်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော်တိုက်စစ်မှူးဟောင်း ဒါရင်းဘန့်က အာဆင်နယ်ကွင်းလယ်လူ သောမတ်စ်ပါတေးဟာ မန်စီးတီးကွင်းလယ်လူ ရိုဒရီရဲ့ ဖိနပ်ကို ကြိုးချည်ပေးဖို့တောင်မှ မထိုက်တန်ဘူးလို့ ရက်ရက်စက်စက်ပြောချလိုက်ပါတယ်။ အသက် ၂၉ နှစ်အရွယ် ပါတေးနဲ့ ရိုဒရီတို့ဟာ အက်သလက်တီကိုမက်ဒရစ်မှာ အသင်းဖော်တွေဖြစ်ခဲ့ပြီး အခုတော့ ပြိုင်ဘက်တွေဖြစ်နေခဲ့ပါပြီ။ 

ဒီရာသီမှာ ပါတေးက အာဆင်နယ်အတွက် အစောပိုင်းမှာ ခြေစွမ်းပြခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ပွဲတွေမှာတော့ ပုံမှန်ခြေစွမ်းရဖို့ရုန်းကန်နေရပါတယ်။ တဖက်မှာတော့ ရိုဒရီက မန်စီးတီးအတွက် ထူးရှယ်ခြေစွမ်းပြနေပြီး အသင်းနိုင်ပွဲတွေမှာ အရေးပါတဲ့ ကစားသမားတဦးအဖြစ် ရှိနေခဲ့ကာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်ခံစစ်လူလို့ သတ်မှတ်ခံနေရပါတယ်။ 

ဒါရင်းဘန့်က အာဆင်နယ်ကို လာမယ့်ရာသီမှာ ဝက်စ်ဟမ်းကွင်းလယ်လူဒီကလန်ရိုက်ကို ခေါ်ယူဖို့ တိုက်တွန်းနေပြီး ပါတေးနေရာကို အစားထိုးသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။ 

"နွေရာသီမှာ ဒီကလန်ရိုက်ကို သူတို့ နားစွင့်သင့်ပါတယ်၊ သူ့ကို​ ပေါင်သန်း ၁၂၀ လောက်နဲ့ ရောင်းထုတ်မယ်လို့ ပြောနေတယ်၊ ရိုဒရီက အနည်းဆုံးပေါင်သန်း ၁၅၀ လောက်တော့ တန်မှာပါ၊ ဒါက ဘာလဲဆိုရင် ရိုဒရီက တိုက်စစ်ကိုကစားနိုင်တယ်၊ ဂိုးသွင်းနိုင်တ်ယ၊ ကွင်းလယ်ကို ထိန်းညှိပေးနိုင်ပြီး ပွဲကို အတင်အချလုပ်နိုင်တဲ့သူပါ၊ မှန်ကန်တဲ့ ပေးပို့မှုကို ရွေးချယ်ပြီးတော့ အရမ်းလည်း သန်မာတယ်"

"ဘောလုံးကို ဘယ်တော့မှ အဝေးကို မပေးဘူး၊ ငါ့အတွက်တော့ သူက ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူပဲ၊ သူ့ထက်ပိုပြီးတော့ ဘယ်သူမှ ပိုကောင်းမယ်မထင်ပါဘူး၊ ရာသီအစမှာကတော့ ကျနော်မှားခဲ့တယ်၊ ပါတေးကို ကျနော် အထင်ကြီးခဲ့တယ်၊ အခုလက်ရှိမှာ သူက ရိုဒရီရဲ့ ဖိနပ်ကို ကြိုးချည်ပေးဖို့တောင်မှ မထိုက်တန်တော့ပါဘူး" လို့ ဒါရင်းဘန့်က ပြောဆိုသွားခဲ့ပါတယ်။ 


Share

Loading Next Article...
က္က