SNAP CHAT သီးသန့်ဂရုကနေ စတင်ပေါက်ကြားခဲ့တာပါ။

ပွဲလမ်းသဘင်များ၊ ဖျော်ဖြေရေးပွဲများပြုလုပ်ခြင်းကန့်သတ်ထားချိန်အတွင်း လုပ်ဆောင်ခဲ့တဲ့အပြုအမူအတွက်ပ ရိသတ်အများစုကလည်း ဝေဖန်မှုတွေပြုလုပ်နေကြပါတယ်။

အဲဗာတန်အသင်းရဲ့ အီတလီတိုက်စစ်မှူးမွိုက်စ်ကိန်းဟာ အင်္ဂလန်နိုင်ငံအတွင်း ကန့်သတ်ထိန်းချုပ်ရေးကာလ( Lock Down) သတ်မှတ်ထားချိန်အတွင်း လူအများစုပါဝင်တဲ့ ပါတီပွဲကျင်းပခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့အတွ က် အရေးယူခြင်းခံရတော့မယ့်လို့ dailymail က ဖော်ပြလာပါတယ်။

ပါတီအခမ်းအနားကို စောင့်ကြည့်ထိန်းသိမ်းခြင်းကင်းမဲ့ဇုံ (quarantine clean) လို့ အမည်ပေးခဲ့ပြီး အပျော်မယ် အချို့ပါတက်ရောက်ပါဝင်ခဲ့တဲ့အတွက် ဗြိတိန်အစိုးရရဲ့ ဥပဒေကို ချိုးဖောက်ခဲ့တာဖြစ်တယ်လို့လည်း အများစု က ဝေဖန်နေကြပါတယ်။



Mirror ရဲ့ဖော်ပြချက်အရ အဲဗာတန်အသင်းအနေနဲ့ မွိုက်စ်ကိန်းကို အပြင်းထန်ဆုံးဒဏ်ကြေးငွေတစ်ရပ်ဖြစ်လာ မယ့် ပေါင် ၁၆၀,၀၀၀ ချမှတ်ဖွယ်ရှိနေခဲ့ပြီး ခြွင်းချက်အနေနဲ့အယူခံဝင်ခွင့်တော့ရှိနေတယ်လို့လည်းသတင်းဖော် ပြမှုတွေရှိနေခဲ့တာပါ။

အပျော်မယ်တစ်ဦးရဲ့ အင်စတာဂမ်ကနေတဆင့် ရုပ်ပုံတွေ၊ ရုပ်သံဖိုင်တွေ စတင်ပြန့်နှံ့ခဲ့တယ်လို့ သတင်းဖော်ပြ မှုတွေရှိနေခဲ့ပြီး အဲဗာတန်ပရိသတ်အများစုကိုယ်တိုင် ဝေဖန်ရှုံ့ချခဲ့သလို ကျန်းမာရေးအတွက် အချိန်ပြည့်ပေး ဆပ်နေတဲ့ NHS (National Health Services) အဖွဲ့ဝင်တွေကိုတော့ လေးစားသင့်တယ်လို့လည်း ပြင်းပြင်းထန် ထန်ဝေဖန်မှုတွေရှိနေခဲ့တာပါ။

ဥရောပနိုင်ငံတွေထဲမှာ အီတလီ၊ စပိန်၊ ဗြိတိန်နိုင်ငံတို့က COVID-19 ရောဂါကို အဆိုးရွားဆုံးရင်ဆိုင်နေရတဲ့နိုင် ငံတွေဖြစ်လို့ လက်ရှိအချိန်အထိ ကန့်သတ်ထိန်းချုပ်နေထိုင်ခြင်း (Stay Home ) အစီအစဉ်ကိုလုပ်ဆောင်နေ ဆဲကာလအတွင်း လက်မခံနိုင်တဲ့အပြုအမူကို ပြုလုပ်ခဲ့တဲ့ မွိုက်စ်ကိန်းရဲ့လုပ်ရပ်ကို လူမှုကွန်ယက်စာမျက်နှာ တွေအပေါ်မှာ ဝေဖန်မှုတွေမြင့်တက်နေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က