ဆံပင်အရှည်လေး နှမျောစရာကြီး။

ဆံပင်ရှည်ရှည် မြန်မာဝတ်စုံလေးနဲ့ အမြဲတမ်းတွေ့ရတဲ့ အေးသောင်းတစ်ယောက် ယခု ဆံပင်အတိုလေးနဲ့ လှလို့နေပါတယ်။

Photo : အေးသောင်း FB



ပရိသတ်တွေရဲ့ အချစ်တော် အေးဝတ်ရည်သောင်းတစ်ယောက် ဆံပင်တိုလေး လန်းလို့နေပါတယ်။ အေးသောင်းက ဆံပင်အတိုလေးနဲ့ ပုံကို သူမရဲ့ ဖေ့စ်ဘွတ်မှာ ဒီဇင်ဘာ(၁၃) ရက်နေ့က တင်ထားတာတွေ့ရပါတယ်။ေ အးသောင်းက ပုံတင်ရင်းနဲ့ “ပြောစကားနားမထောင်တော့ ဘာဖြစ်လဲ” ဆိုတဲ့ စာသားကိုပါ တွဲတင်ထားတာပါ။

Photo : အေးသောင်း FB

အေးဝတ်ရည်သောင်းလို့ ပြောလိုက်ရင် ဆံပင်ရှည်လေးနဲ့ အတူမြန်မာဝတ်စုံလေးနဲ့ မြန်မာဆန်ဆန်လှနေတဲ့ သရုပ်ဆောင် တစ်ဦးအဖြစ်အားလုံးက သိကြတာပါ။ ပရိသတ်တွေ အားလုံးက သူတို့မြတ်နိုးတဲ့ ဆံပင်ရှည်လေးကို သူမတကယ်ညှပ်လိုက်ပြီလားဆိုပြီး စိုးရိမ်နေကြပါတယ်။

တချို့ပရိသတ်တွေကလည်း သူမရဲ့ ပုံအောက်မှာ ဆံပင်အတု စွပ်ထားတာလားဆိုပြီး မေးနေကြသလို တချို့ပရိသတ်တွေကလည်း ဘာလို့ ဆံပင်ညှပ်လိုက်တာလဲဆိုပြီး အသည်းအသန်မေးထားကြပါတယ်။

Photo : အေးသောင်း FB

သူမရဲ့ ဆံပင်အရှည်လေးကို တကယ်ညှပ်လိုက်တာဆိုရင်တော့ အရမ်းကို နှမျောစရာကောင်းလှပါတယ်။ မြန်မာနိုင်ငံက ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး အေးသောင်းက ယခုလက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။ မကြာခင်မှာလည်း ဟိန်းဝေယံနဲ့အတူ ရုပ်ရှင်ဇာတ်ကားတစ်ကား ရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။

သူ့အနေနဲ့ အနုပညာအလုပ်တွေလုပ်ရင်း ကိုယ်ပိုင်စီးပွားရေး တစ်ခုဖြစ်တဲ့ ပိုးထည်ဆိုင်တွေကိုလည်း ဦးဆောင်နေသူပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က