ပါးလ်မားကတော့ အသက်အရွယ်နဲ့ မလိုက်အောင် ရင့်ကျက်တဲ့ ကစားသမားဖြစ်နေပါတယ်။

ချဲလ်ဆီးပရိသတ်တွေဟာ ယူနိုက်တက်ကို ၄-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲက ပါးလ်မားရဲ့ ခြေစွမ်းအပြင် ခံယူချက်ပိုင်းကိုပါ သဘောကျ ချီးကျူးနေကြပါတယ်။ အဆိုပါပွဲမှာ ချဲလ်ဆီးတို့ နောက်ကလိုက်ကစားခဲ့ရပြီး နောက်ဆုံးမိနစ်မှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေရရှိခဲ့တာပါ။



ပထမပိုင်းမှာ ဂယ်လာဂါ၊ ပါးလ်မားတို့ရဲ့ ဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ယူနိုက်တက်က ဂါနာချို၊ ဘရူနိုဖာနန်ဒက်စ်တို့ရဲ့ ချေပဂိုးတွေကို ပြန်လည်ခွင့်ပြုခဲ့ရပါတယ်။​ ဒုတိယပိုင်းမှာ ဂါနာချိုက ယူနိုက်တက်အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီး ချဲလ်ဆီးတို့ မိနစ် (၉၀) ရဲ့ နာကျင်အချိန်ပို (၁၀) မိနစ်အထိ ရှုံးနိမ့်နေခဲ့တာပါ။


ဒါပေမယ့် မာဒူအီကီကို ဒါလော့ နောက်ကနေ လှဲချခဲ့တာကြောင့် ပင်နယ်တီပေးခဲ့ရပြီး ဒီ ပင်နယ်တီကို ပါးလ်မားက ကန်သွင်းကာ ချဲလ်ဆီးအတွက် ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒီသွင်းဂိုးက အကြီးအကျယ်အောင်ပွဲခံသင့်တဲ့ သွင်းဂိုးဖြစ်ပေမယ့် ပါးလ်မားကတော့ ဂိုးပိုက်ထဲက ဘောလုံးကို ချက်ချင်းပြန်ကောက်ပြီး ပွဲကို အစပြုဖို့ ကြိုးစားခဲ့ပါတယ်။


ပါးလ်မားရဲ့ ပင်နယ်တီဂိုးဝင်ချိန်မှာ အသင်းဖော် မာဒူအီကီက လာရောက်အောင်ပွဲခံဖို့ ကြိုးစားခဲ့ပေမယ့် ပါးလ်မားကတော့ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာနဲ့ကို ပွဲကို အမြန်ဆုံး ပြန်လည်စတင်ဖို့ ကြိုးစားခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ ထောင့်ကန်ဘောကတစ်ဆင့် ပါးလ်မားရဲ့ ကန်ချက်က တွမ်မီနေးနဲ့ ထိကာ လမ်းကြောင်းပြောင်း ဂိုးဝင်သွားတာကြောင့် ချဲလ်ဆီးတို့ ၄-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ချဲလ်ဆီး ပရိသတ်တွေကတော့ ပါးလ်မားရဲ့ အပြုအမူနဲ့ ပတ်သက်လို့ “ပါးလ်မားရဲ့ စွမ်းဆောင်ရည်တင် မဟုတ်ပါဘူး။ ခြေစွမ်းပိုင်းကပါ ချဲလ်ဆီးတစ်သင်းလုံးထက် အသာရနေတာပါ” “မိနစ် (၁၀၀​) မှာ သုံးဂိုးစီသရေဖြစ်ဖို့ ပင်နယ်တီသွင်းတယ်၊ သာမန်လူဆို အောင်ပွဲခံမှာပေါ့ဗျာ။ ဒါပေမယ့် ပါးလ်မားက ဘောလုံးကို ချက်ချင်းပြန်ကောက်ပြီး ကျွန်တော်တို့ကို အနိုင်ရစေခဲ့ပါတယ်” လို့ ချီးကျူးပြောကြားခဲ့ကြပါတယ်။

Share

Loading Next Article...
က္က