၂၀၁၇ က ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ပါ။

Football Leaks ကတဆင့် ထွက်ပေါ်လာတဲ့ ဇာတ်လမ်းအရ ၂၀၁၇ တုန်းက လီဗာပူးလ်တိုက်စစ်မှူးဖာမီနိုဟာ တပတ်လုပ်ခ ပေါင် ၆၈၀၈၅ သာ ရရှိနေခဲ့ပြီး သွင်းဂိုးအပေါ်မူတည်ကာ အပိုဆုကြေးငွေရရှိဖို့အတွက် အသင်းနဲ့ သဘောတူညီထားခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့ လီဗာပူးလ်အတွက် ပထမဆုံး ၅ ဂိုးသွင်းယူပြီးပါက ဖာမီနိုက ပေါင် ၂၅၀၀၀ အထိ ရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

အဲဒီနောက်မှာ သွင်းဂိုး ၁၀ ဂိုးပြည့်ပါက ပေါင် ၄၅၀၀၀၊ ၁၁ ဂိုးနဲ့အထက်ဆိုပါက ပေါင် ၆၅၀၀၀ အထိ ရရှိမယ်လို့လည်း ဖော်ပြခဲ့ပါတယ်။ ဒီနောက် ဖာမီနိုဟာ စတုတ်စီးတီးနဲ့ ကစားခဲ့တဲ့ပွဲမှာ ဒုတိယမြောက်ဘောနပ်စ်အတွက် အခွင့်အရေးပိုင်ဆိုင်ခဲ့ပြီး ပေါင် ၄၅၀၀၀ ကို သူ့အိတ်ကပ်ထဲ ထည့်သွင်းနိုင်ဖို့အတွက် ဖြစ်လာခဲ့ပါတယ်။ 

အဆိုပါပွဲမှာတော့ ပွဲချိန် ၁၇ မိနစ်မှာ ဆာဒီယိုမာနေးက စတုတ်ဂိုးသမား လီဂရန့်ကို ကျော်ဖြတ်ပြီး ဂိုးသွင်းယူခဲ့ပါတယ်။ ဘောလုံးဂိုးထဲမဝင်ချိန်မှာ ဖာမီနိုက အကောင်းဆုံးနေရာမှာရှိနေခဲ့ပြီး ကောက်စားဂိုးအဖြစ်နဲ့ သွင်းယူဖို့ အသင့်ဖြစ်နေခဲ့ပေမယ့်လည်း သူ့ရဲ့ ပူးပေါင်းပါဝင်မှုလုံး၀မရှိဘဲ မာနေးရဲ့သွင်းဂိုးသာဖြစ်ဖို့ကို ဆုံးဖြတ်ခဲ့ပြီး ပိတ်မသွင်းခဲ့ဘဲ လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ 

ဒီအတွက် ဖာမီနိုဟာ ပေါင် ၄၅၀၀၀ ရရှိမယ့်အချိန်ကို နောက်ဆုတ်ပေးခဲ့ရတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဒီအပြုအမူအတွက်တော့ အခုချိန်ထိ ချီးကျူးခံနေရပြီး လေးစားမှုနဲ့ ထိုက်တန်တဲ့ကစားသမားလို့လည်း အမွှမ်းတင်ခံနေရဆဲဖြစ်ပါတယ်။ ဖာမီနိုဟာ လီဗာပူးလ်အတွက် လက်ရှိအချိန်ထိ ၃၂၇ ပွဲကစားကာ ၉၈ ဂိုးအထိသွင်းယူပေးပြီး ၇၄ ကြိမ်ဖန်တီးပေးထားသူလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က