စပိန်ကိုရောက်ရှိပြီး မိသားစုနဲ့အတူ အပန်းဖြေနေတာပါ။

ယူနိုက်တက်တိုက်စစ်မှူးရော်နယ်ဒိုဟာ သူ့ရဲ့မိသားစုနဲ့အတူ စပိန်နိုင်ငံ၊ မာယော့ကာက ကျွန်းတခုမှာ သွားရောက်အပန်းဖြေနေပါတယ်။ ပေါင် ၅.၅ သန်းတန် ဇိမ်ခံရွက်လှေကြီးပေါ်မှာ သူနဲ့အတူ ဂျော်ဂျီနာ၊ ကလေးတွေကိုလည်း မြင်တွေ့ခဲ့ရပြီး လာမယ့်ဘောလုံးရာသီသစ်မတိုင်ခင်မှာ ပေါ်တူဂီတိုက်စစ်မှူးက အားမွေးနေတာလည်းဖြစ်ပါတယ်။ 

ဒီလိုမျိုးအပန်းဖြေအနားယူနေပေမယ့်လည်း ရော်နယ်ဒိုဟာ သူ့ရဲ့လေ့ကျင့်မှုကို အပျက်မခံခဲ့ဘဲ ရွက်လှေပေါ်မှာတောင် လေ့ကျင့်မှုတွေလုပ်နေတာကို ဓာတ်ပုံမှတ်တမ်းတွေအရ မြင်တွေ့ခဲ့ရပါတယ်။ ရော်နယ်ဒိုက ကာယလေ့ကျင့်မှုတွေကို bike တစီးပေါ်မှာ ပြုလုပ်နေခဲ့တာဖြစ်ပြီး သူ့ရဲ့ အားထုတ်လေ့ကျင့်မှုကိုတော့ ပျက်ကွက်မခံခဲ့ပါဘူး။

သူတို့ဟာ ဒီခရီးစဉ်ကို ရော်နယ်ဒိုရဲ့ ပေါင်သန်း ၂၀ တန်တဲ့ G200 ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ လာရောက်ခဲ့ကြတာဖြစ်ပါတယ်။ ဇိမ်ခံရွက်လှေကတော့ အခန်း ၅ ခန်းပါဝင်ပြီး အံ့မခန်းအလှဆင်ထားတဲ့ ရေချိုးခန်း ၆ ခန်းပါရှိတယ်လို့ The Sun က ဆိုပါတယ်။ ခေတ်မီမီးဖိုဆောင်လည်း ပါဝင်ပြီး အပန်းဖြေဖို့ နေရာ ၂ခု၊ ကြီးမားတဲ့နားနေခန်းနဲ့ ခမ်းနားတဲ့ ထမင်းစားခန်းတွေလည်း ပါဝင်ပါတယ်။ 

ဒါ့အပြင် Wi-Fi ၊ တယ်လီဖုန်း၊ ဖက်စ်၊ ဖျော်ဖြေရေးစနစ်တွေပါ တပါတည်းပါဝင်တာမို့ ကလေးတွေအတွက်လည်း ပျင်းရိနေစရာမလိုအောင်ကို ပြည့်စုံတဲ့ ဇိမ်ခံရွက်လှေဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ ပရိသတ်တွေကတော့ သူတို့ကစားသမားရဲ့ လေ့ကျင့်မှုမပျက်ကွက်တဲ့ အလေ့အထနဲ့ အနားယူနေချိန်မှာတောင်မှ တာဝန်နဲ့ ၀တ္တရားကို မမေ့ထားဘူးလို့ ချီးကျူးပြောဆိုနေကြပါတယ်။ 

အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ လက်ရှိအသင်းယူနိုက်တက်မှာပဲ ဆက်လက်ကစားဖို့ ဆုံးဖြတ်ထားတယ်လို့ မနေ့က သတင်းတွေထွက်ပေါ်ခဲ့ပြီး သူ့ရဲ့အနာဂတ်ကို အတည်ပြုနိုင်ခဲ့ပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က