ယူနိုက်တက်အတွက်တော့ ပေါ့ဂ်ဘာနဲ့ပတ်သက်ပြီး နစ်နာမှုတွေပဲရှိနေခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကနေ အလွတ်ထွက်ခွာခဲ့တဲ့ ကွင်းလယ်လူပေါ့ဂ်ဘာဟာ သူ့ရဲ့အသင်းဟောင်းတသင်းဖြစ်တဲ့ ဂျူဗင်တပ်စ်အသင်းကို အပြီးသတ်ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ် ပေါ့ဂ်ဘာဟာ ယူနိုက်တက်နဲ့စာချုပ်သစ်မချုပ်ဆိုနိုင်ခဲ့ဘဲရှိခဲ့တဲ့နောက်မှာ အလွတ်ထွက်ခွာခွင့်ရရှိခဲ့တာဖြစ်ပြီး ဂျူဗင်တပ်စ်ကို ဒုတိယအကြိမ်မြောက် ရောက်ရှိခဲ့တာဖြစ်ပါတယ်။ 

လူငယ်ကစားသမားဘ၀တုန်းကလည်း ယူနိုက်တက်မှာ ပုံမှန်ကစားခွင့်ရဖို့ အခွင့်အရေးနည်းပါးခဲ့လို့ ပေါ့ဂ်ဘာက ဂျူဗီကို ပြောင်းရွှေ့ခဲ့တာပါ။ ဂျူဗီမှာ ၄ နှစ်ကြာကစားခဲ့တဲ့အချိန်အတွင်း ထိပ်တန်းကွင်းလယ်လူတဦးရဲ့ ပုံစံတွေကို ပြသနိုင်ခဲ့လို့ ယူနိုက်တက်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းအထိ ပေးချေကာ သူတို့ကစားသမားကို ပြန်လည်ခေါ်ယူခဲ့ပါတယ်။ 

ဒါပေမယ့် ယူနိုက်တက်ကို တကျော့ပြန်လာချိန်မှာ ပေါ့ဂ်ဘာက ထင်မှတ်သလောက်ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ အသင်းတွင်းမှာလည်း နည်းပြဖြစ်သူ မော်ရင်ဟိုနဲ့ အဆင်မပြေမှုတွေရှိခဲ့သလို ပြီးခဲ့တဲ့နှစ်တွေမှာ သူ့ရဲ့ ကစားပုံနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာအခြေအနေတွေကြောင့် ပရီသတ်တ​ွေရဲ့ လှောင်ပြောင်မှုတွေကိုပါ ရင်ဆိုင်ခဲ့ရပြီး ပေါ့ဂ်ဘာရဲ့ တုံ့ပြန်မှုတွေကြောင့် ထိပ်တိုက်တွေ့ခဲ့မှုတွေပါ ရှိခဲ့ပါတယ်။ 

ဂျူဗီကတော့ ပေါ့ဂ်ဘာကို ၂ ကြိမ်ခေါ်ယူခဲ့ရာမှာ ၂ ကြိမ်စလုံး အလွတ်ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပြန်လည်ရောင်းချမှုကနေ ပေါင် ၈၉ သန်းအထိ ရရှိခဲ့လို့လည်း ကြီးမားတဲ့အကျိုးအမြတ်တွေရရှိနေခဲ့ပါတယ်။ ပေါ့ဂ်ဘာရဲ့ ပရော်ဖက်ရှင်နယ်စီနီယာကစားသမားဘ၀ကတော့ ယူနိုက်တက်>ဂျူဗီ>ယူနိုက်တက်>ဂျူဗီ ဆိုပြီးရှိနေကာ အသင်းနှစ်သင်းတည်းမှာပဲ လှည့်ကစားနေသလို ဖြစ်လာခဲ့ပါပြီ။ 

Share

Loading Next Article...
က္က