ချန်ပီယံလိဂ်ပွဲမတိုင်ခင် ပြောဆိုလိုက်တာပါ။

ဒဏ်ရာကြောင့် အနားယူနေရတဲ့ လူကာကူဟာ အသင်းနဲ့ပြန်လည်လေ့ကျင့်မှုတွေပြုလုပ်နေပြီဖြစ်ပြီး ဂျူဗီနဲ့ပွဲကို ပါဝင်ကစားပေးနိုင်ဖွယ်ရှိနေပါတယ်။ 


ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ချယ်လ်ဆီးနဲ့ကစားရမယ့် ပွဲစဉ်မတိုင်ခင်မှာ ဂျူဗီနည်းပြအယ်လီဂရီက ပြိုင်ဘက်အသင်းဟာ တိုက်စစ်မှူးလူကာကူမပါရင် ပိုမိုအန္တရာယ်ကြီးမားတဲ့အသင်းဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒဏ်ရာကြောင့် အနားယူနေရတဲ့ လူကာကူဟာ အသင်းနဲ့ပြန်လည်လေ့ကျင့်မှုတွေပြုလုပ်နေပြီဖြစ်ပြီး ဂျူဗီနဲ့ပွဲကို ပါဝင်ကစားပေးနိုင်ဖွယ်ရှိနေပါတယ်။ 



ဒီရာသီကမှ ချယ်လ်ဆီးကို အင်တာမီလန်ကနေ ပြောင်းရွှေ့လာခဲ့တဲ့ လူကာကူဟာ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဖြစ်ပြီး ရာသီအစမှာ အသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ ပေါင် ၉၇.၅ သန်းအထိ ချယ်လ်ဆီးက ပေးချေကာ ခေါ်ယူခဲ့ပေမယ့် အယ်လီဂရီကတော့ ဒီတိုက်စစ်မှူးမပါရင် ချယ်လ်ဆီးက ပိုကောင်းနေတယ်လို့ အံ့အားသင့်ဖွယ်ပြောဆိုခဲ့တာဖြစ်ပါတယ်။ 

"လူကာကူက ရည်ညွှန်းချက်တစ်ခုပါပဲ၊ သူမပါဘူးဆိုရင် ချယ်လ်ဆီးက ပိုမြန်ဆန်ပြီး မတူကွဲပြားတဲ့ ခံစစ်ကစားပုံလည်းရှိနေပါတယ်၊ ပြီးတော့ တန်ပြန်တိုက်စစ်တွေကို ပိုပြီးတော့ လုပ်နိုင်စွမ်းရှိပါတယ်" လို့ အယ်လီဂရီက ပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက အင်တာမီလန်နဲ့အတူ စီးရီးအေမှာ ရွှေဖိနပ်ဆုဆွတ်ခူးနိုင်ခဲ့တဲ့ လူကာကူဟာ တူချယ်လ်ရဲ့ အဓိကတိုက်စစ်မှူးအဖြစ် သတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ်။ 

တူချယ်လ်ကတော့ "လူကာကူကို ကျွန်တော်တို့လိုအပ်နေချိန်မှာ သူနဲ့အတူ ကစားရပါတယ်၊ ကျွန်တော်တို့ တီမိုကို လိုအပ်ရင်တော့ တီမိုနဲ့ ကစားရပါတယ်၊ သူတို့တွေ မကစားနိုင်တဲ့အချိန်မှာဆိုရင် အခြားဖြေရှင်းနည်းကို ရှာဖွေရတာပေါ့၊ ဒီအတွက်ကြောင့်လည်း ကျွန်တော်တို့အားလုံး ဒီမှာရှိနေတာလေ၊ ကျွန်တော်တို့မှာ ကြီးမားတဲ့လူစာရင်းပိုင်ဆိုင်ထားပြီး လူတိုင်းအပေါ်လည်း ကျွန်တော်ယုံကြည်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ 

Share

က္က