စာချုပ်သက်တမ်းတိုးဖို့ နောက်ဆုံး ကမ်းလှမ်းမှု ၂ ကြိမ်စလုံးကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဒ် ဘိုလီဟာ မေဆန် မောင့်ကို လာမယ့်ရာသီ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ဆက်ရှိနေအောင် စည်းရုံးတဲ့အနေနဲ့ နှစ်ကိုယ်ကြား ပြောဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ဟာ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ၁၅ လ ကျန်ရှိနေသေးသူဖြစ်ပေမယ့်လည်း အသင်းရဲ့ စာချုပ်သက်တမ်းတိုးဖို့ နောက်ဆုံး ကမ်းလှမ်းမှု ၂ ကြိမ်စလုံးကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

 

ချဲလ်ဆီးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရဖြစ်နေတဲ့ မေဆန် မောင့်ဟာ တော့တင်ဟမ်ဟော့စပါး၊ မန်ချက်စတာယူနိုက်တက်၊ နယူးကာဆယ်၊ ဘိုင်ယန်မြူးနစ်တို့ဆီကနေ စိတ်ဝင်စားခြင်းကို ခံနေရပေမယ့်လည်း လီဗာပူးလ်အသင်းက အင်္ဂလန်ကွင်းလယ်တိုက်စစ်ကစားသမားကို ခေါ်ယူမယ့် ပြိုင်ပွဲထဲမှာ ဦးဆောင်နေတာဖြစ်ပါတယ်။

 

စာချုပ်သစ်အတွက် ပြောဆိုဆွေးနွေးမှုတွေဟာ ရာသီကုန်မှာ ပြုလုပ်သွားဖို့ စီစဉ်ထားပေမယ့်လည်း ချဲလ်ဆီးအသင်းက ဒီပြဿနာကို အဖြေမရှာဘဲ ကြာကြာထားလေ မေဆန် မောင့်က လီဗာပူးလ်နဲ့ ပြောဆိုဆွေးနွေးမှုတွေကို အရှိန်မြှင့်ဖို့ ပိုဖြစ်နိုင်လေဖြစ်လာမှာ ဖြစ်ပါတယ်။

 

ဒါကြောင့် တော့ဒ် ဘိုလီက မေဆန် မောင့်ကို အသင်းက ဆက်လက်ထိန်းသိမ်းထားချင်တယ်ဆိုတာ သေချာအောင် တစ်ဦးချင်းကြားဝင် ပြောဆိုခဲ့တယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။ ဒီပြောဆိုမှုဟာ ချဲလ်ဆီးအသင်း ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက်ပိုင်း ပြီးခဲ့တဲ့ သောကြာနေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မေဆန် မောင့်ရဲ့ ကိုယ်စားလှယ်တွေအပြင် အသင်းအတွင်းမှာပါ အပြုသဘောဆောင်တဲ့ တိုးတက်မှုအဖြစ် ရှုမြင်ခဲ့ကြပါတယ်။

 

မေဆန် မောင့်သာ ချဲလ်ဆီးအသင်းကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် အနောက်လန်ဒန် ကလပ်အသင်းက ကြယ်ပွင့်ကစားသမားအတွက် ပေါင်သန်း ၇၀ ဝန်းကျင် တောင်းဆိုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က