ဆိုင်ကယ်တစ်စီးကို လူတစ်ယောက်ထက်ပိုစီးခွင့်မပြုကြောင်းကို ပြီးခဲ့တဲ့ရက်ပိုင်းက မှ တာဝန်ရှိသူတွေက အသိပေးကြေညာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပေါင်းတည်မြို့နယ်မှာ ဆိုင်ကယ်တစ်စီးကို လူတစ်ဦးသာစီးနင်းခွင့် ကန့်သတ်လိုက်တာကြောင့် မြို့ခံတွေအပါအဝင် အနီးပတ်ဝန်းကျင်က ဒေသခံတွေအတွက် အခက်အခဲကြုံတွေ့နေရတယ်လို့ သိရပါတယ်။



ဆိုင်ကယ်တစ်စီးကို လူတစ်ဦးသာ စီးနင်းခွင့်ပြုထားခြင်းကြောင့် အောက်ဆီဂျင်သယ်ဆောင်ခြင်း၊ ဈေးဝယ်ထွက်ခြင်း၊ အလုပ်ကိစ္စအရေးပေါ်သွားလာခြင်း စတဲ့ ကိစ္စရပ်တွေ အတွက် အခက်အခဲဖြစ်ရတဲ့ အပြင် လုယက်ခံရမှုအန္တရာယ်ကိုလည်းစိုးရိမ်နေရတယ်လို့ ဒေသခံကပြောပါတယ်။

" တစ်ယောက်ပဲခွင့်ပြုတာအဆင်မပြေဘူး။သွားရလာရတာကအစ ပစ္စည်းတွေသယ်တာ အကုန်ပေါ့။ ကျန်းမာရေးကိစ္စဆိုရင်တောင် အရဲစွန့်သွားရတာ။ မြို့ပေါ်ကမဟုတ်တော့ ရပ်ကွက်ထောက်ခံစာယူပြီး သွားရတယ်။ဒါကြောင့် နှစ်ယောက်စီးခွင့်ပြုစေချင်တယ်။ တယောက်တည်း လမ်းခရီးကစိတ်မချရဘူး။ အလုအယက်တွေကလည်းနေရာတိုင်းကြားနေရတယ်။ ဘာဖြစ်ဖြစ် နှစ်ယောက်ဆိုတော့ အဖော်လည်းရတယ်။ သွားရလာရလည်းအဆင်ပြေတယ်။ တစ်ယောက်တခုခုဖြစ်တောင် တစ်ယောက်ကကူညီလို့ရတယ်။ " လို့ ဒေသခံကပြောပါတယ် ။


ပေါင်းတည်မြို့တွင်းသွားလာနေပုံ (ပုံဟောင်း)

ဆိုင်ကယ်တစ်စီးကို လူတစ်ယောက်ထက်ပိုစီးခွင့်မပြုကြောင်းကို ပြီးခဲ့တဲ့ရက်ပိုင်းက မှ တာဝန်ရှိသူတွေက အသိပေးကြေညာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

" စာထုတ်တားတာမျိုးမဟုတ်ဘူး။ စစ်ဆေးရေးဂိတ်တွေကနေ စစ်ရင်းအသိပေးတာပေါ့။ ဆိုင်ကယ်ကိုတစ်ယောက်ပဲစီးခွင့်ပြုတယ်။နှစ်ယောက်စီးလို့မရဘူး ။ ၂ ရက်လောက်ပဲရှိအုံးမယ် အဲ့လိုတားလိုက်တာ။ ၂ ယောက်စီးချိန်သူတို့နဲ့မဆုံရင်တော့ဘာမှမဖြစ်ဘူး။စစ်ဆေးတာနဲ့ဆုံရင်တော့ အရေးယူတာခံရနိုင်တယ်။ " လို့ ပေါင်းတည်မြို့ခံတစ်ဦးကပြောပါတယ်။

လက်ရှိမှာတော့ စစ်ဆေးရေးတွေကို ပေါင်းတည် မြို့အဝင်စစ်ဆေးရေးဂိတ်တွေမှာ အဓိကစစ်ဆေးမှုပြုလုပ်နေတာဖြစ် ကြောင်း ပေါင်းတည်မြို့ ဒေသခံကပြောပါတယ် ။ဒေသခံတွေကတော့ ဆိုင်ကယ်ကို ၂ ယောက်စီးခွင့်ပြုဖို့ တောင်းဆိုထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က