ခင်လှိုင်တစ်ယောက် ပညာရေးမှာ ထူးချွန်လှတဲ့ သမီးငယ်လေးကြောင့် ဝမ်းသာ ဂုဏ်ယူမဆုံးဖြစ်လို့နေပါတယ်. သူတို့ မိသားစု အကြောင်းကိုလည်း သမီးငယ် သဇင်ထူးမြင့်က အခုလိုပြောပြခဲ့ပါတယ်.
Photo: သဇင်ထူးမြင့်
သရုပ်ဆောင်ခင်လှိုင်ရဲ့ သမီးငယ်လေး သဇင်ထူးမြင့်က ရူပဗေဒဘာသာရပ်(ဒုတိယနှစ်) ကို ထူးချွန်စွာ အောင်ခဲ့တယ်လို့ ဆိုပါတယ်. ဒီ့အတွက်လည်း ဝမ်းသာအားရ နဲ့ အခုလိုပြောပြခဲ့ပါတယ်.
''Third Year ရောက်ပြီ ရေးးးး အောင်တယ်ပြောတာတောင်စာရွက်မမြင်ရမချင်းမယုံပဲ စိုးရိမ်နေတာ.ခုတော့ပျော်သွားပြီ '' ဆိုပြီးတော့ ဒီဇင်ဘာလ ၂၇ ရက်နေ့ မနက် ၁၀နာရီ ၄၇ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်.
Photo: သဇင်ထူးမြင့်
သဇင်ထူးမြင့်ရဲ့ ထူးချွန်မှုအပေါ် သူ့ကိုချစ်ကြတဲ့ အပေါင်းအသင်း သူငယ်ချင်းတွေကလည်း ဂုဏ်ပြုစကားပြောခဲ့ပါတယ်. အဲ့ဒီနောက် ဖခင်ဖြစ်သူ ဦးခင်လှိုင်ကလည်း သမီးဖြစ်သူအတွက် ဂုဏ်ယူမဆုံးဖြစ်လို့နေပါတယ်.
''သင်တန်းတွေအများကြီးတက်အလုပ်တွေများနေလဲနှစ်စဉ်စာမေးပွဲတွေအောင်ဖို့ကြိုးစားခဲ့တဲ့ဖေဖေ့သမီးလိမ္မာလေးဂုဏ်ယူပါတယ်
ချစ်သမီးလေးသဲသဲရေ'' '' ဖေဖေတို့ဂုဏ်ယူရတဲ့အရာတွေပဲအမြဲဖြစ်ဖို့ကြိုးစားနေရတာနဲ့တင်အရမ်းပျော်ပါတယ်''လို့ ဆက်လက်ရေးသားခဲ့တာ တွေ့ရပါတယ်.
Photo: သဇင်ထူးမြင့်
အဲ့ဒီနောက် သဇင်ထူးမြင့်က လက်ရှိပိုင်ဆိုင်ထားတဲ့ မိသားစု ဘဝလေးကို အကျေနပ်ဆုံးဖြစ်တယ်လု့ိ ဆိုပါတယ်. သူမလေးဟာ အနုပညာရှင် တစ်ယောက်မဟုတ်ပေမယ့် ပရိသတ်အချစ်တွေကို အများကြီးပိုင်ဆိုင်ထားတဲ့ မိန်းမချောလေး တစ်ယောက်ဖြစ်ပါတယ်.
''ညီမအနေနဲ့တော့ အရမ်းကိုကောင်းတဲ့ မိသားစုလေးပါ။ ဖေဖေတို့ရဲ့ သမီးဖြစ်ရတာလည်း အရမ်းဝမ်းသာပါတယ်။ ညီမတို့ မိသားစုပုံစံ လေး ကတော့ ပေါ့ပေါ့ပါးပါးပါပဲ သိပ်ပြီးတော့ စိတ်ညစ်စရာဆိုတာလည်း မရှိဘူး တကယ်ကို နွေးထွေးပါတယ်။ ပျော်ရွှင်တဲ့ မိသားစုဘဝလေးရ လို့ လည်း အရမ်းကျေနပ်ပါတယ်'' လို့ ဆိုပါတယ်.
Photo: သဇင်ထူးမြင့်
သဇင်ထူးမြင့်ကတော့ သရုပ်ဆောင်ခင်လှိုင် ရဲ့ သမီးငယ်လေးဖြစ်ပြီး သရုပ်ဆောင်နေရဲ ရဲ့ အချစ်ရဆုံး ညီမငယ်လေးတစ်ဦးဖြစ်ပါတယ်။ သူ့အနေနဲ့ အခုလက်ရှိမှာ ပညာရေးဘက်ကိုပဲ အဓိကထားလုပ်ဆောင်နေသူတစ်ယောက်ဖြစ်ပြီး ဘာသာစကားလေ့လာရတာကို ဝါသနာပါ တယ်လို့ သိရပါတယ်။ အနုပညာဘက်ကိုလည်း သဇင်ထူးမြင့်က ဝါသနာမပါဘူးတဲ့။