iPhone တွေထဲမှာ ဘက်ထရီပြဿနာအများဆုံး ရှိတဲ့ မော်ဒယ်ဟာ iPhone 6s စီးရီးတွေ ဖြစ်ပြီး အခုချိန်မှာ Apple အနေနဲ့ဒီပြဿနာအတွက် တာဝန်ယူမှုတစ်ခု လုပ်လိုက်ပါပြီ။
iPhone 6s နဲ့iPhone 6s Plus တို့မှာ သုံးထားတဲ့ ပစ္စည်းအစိတ်အပိုင်းတစ်ခု မကောင်းလို့ပါဝါမတက်တဲ့ ပြဿနာ ဖြစ်ရတာလို့Apple Support စာမျက်နှာမှာ ဝန်ခံထားပါတယ်။
Photo: The Verge
Bloomberg ကနေ တက်လာတဲ့ သတင်းအရ အောက်တိုဘာ ၂၀၁၈ ကနေ သြဂုတ်လ ၂၀၁၉ ခုနှစ်အတွင်း ထုတ်လုပ်ခဲ့တဲ့ iPhone 6s စီးရီးတွေထဲက တစ်ချို့serial number တွေထဲမှာ ပါလာတဲ့ component တစ်ခုကြောင့် ပါဝါမလာတာ ဖြစ်တယ်လို့ဆိုပါတယ်။
အခမဲ့အစီအစဉ်အနေနဲ့iPhone 6s နဲ့6s Plusဖုန်းတွေကို ပြုပြင်ပေးမယ့် အစီအစဉ်ဟာ လက်လီရောင်းပြီး ၂ နှစ်အထိ အကျုံးဝင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဝယ်ယူတဲ့ ရက်စွဲပေါ် မူတည်ပြီး လာမယ့် ၂၀၂၁ ခုနှစ် သြဂုတ်လအထိ ပြုပြင်နိုင်မှာပါ။ iPhone XR/XS တို့မိတ်ဆက်ပြီးကတည်းက Apple ဟာ iPhone 6s/6s Plus ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့တာ ဖြစ်ပေမယ့် အိန္ဒိယလိုဈေးကွက်တွေမှာတော့ iPhone 6s မော်ဒယ်တွေကို ဆက်လက်ရောင်းချနေပါတယ်။
iPhone 6s နောက်ဆုံးထွက် အသစ် ဝယ်ထားပြီး ဘက်ထရီပါဝါ မလာတဲ့ ပြဿနာရှိနေသူတွေအနေနဲ့Apple ရဲ့ တရားဝင် စာမျက်နှာကနေ ကိုယ့်ဖုန်းရဲ့ Serial Number ကို ပြန်ဖတ်ကြည့်ပြီး အခမဲ့ပြုပြင်လို့ရမရဆိုတာကို ကြည့်နိုင်မှာပါ။ တစ်ခုရှိတာက ဒီအစီအစဉ်ဟာ မူရင်းဝယ်လိုက်တဲ့ နိုင်ငံပေါ်လိုက်ပြီး ကန့်သတ်မှုတွေ ရှိနိုင်တယ်လို့ဆိုပါတယ်။
တကယ်လို့ကိုယ့်ရဲ့ iPhone 6s / iPhone 6s Plus မှာ ပါဝါပြဿနာ ရှိထားပြီး ပြင်ခလည်း ပေးထားပြီးဆိုရင်တော့ Apple ဆီကနေ refund ငွေ ပြန်ထုတ်နိုင်မှာပါ။ ၂၀၁၅ စက်တင်ဘာနဲ့အောက်တိုဘာလအတွင်း ထုတ်ခဲ့တဲ့ iPhone 6s တွေမှာလည်း ဖုန်းစက်ပိတ်ပိတ်သွားတဲ့ ပြဿနာကြောင့် Apple ဟာ အခမဲ့ လဲလှယ်ပေးခဲ့ပါတယ်။