သာမန်ကလေးတွေနည်းတူ လှုပ်ရှားမှု ပုံမှန်ဖြစ်လာပါမယ်။

ကလေးတစ်ယောက် ဖွံဖြိုးလာတာ ဥပမာ- သူ့ဘာသာသူ မှောက်တတ်လာတာ ထိုင်တတ်လာတာ ဒါတွေ အကုန်လုံးက ဘာခက်လို့လဲပေါ့။ ကလေးတစ်ယောက် ဖွံ့ဖြိုးလာတဲ့ ပုံစံက အလိုအလျောက်ဖြစ်လာတယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် ဦးနှောက်ဖွံဖြိုးမှုနှေးတဲ့ကလေးတွေ၊ ဦးနှောက်ထိခိုက်ဒဏ်ရာရတဲ့ ကလေးတွေ၊ လှုပ် ရှားသွားလာဖို့ ခက်ခဲတဲ့ ကလေးတွေမှာတော့ ဒီလိုသာမန်လှုပ်ရှားသွားလာမှုကအစ သူတို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုမျိုးဖြစ်နေဆဲပါ။ 





လိုကလေးအတွက် ကာယလေ့ကျင့်ကုထုံးဆိုတာမဖြစ်မနေ လိုအပ်တဲ့ ကုထုံးတစ်ခုဖြစ်ပြီး ဘယ်လိုနည်းလမ်းတွေနဲ့ ကလေးတွေကို ကာယလေ့ကျင့်ကုထုံးလုပ်ပေးသင့်သလဲဆိုတာ Chief Physiotherapist ဒေါ်ခိုင်ဆုဝေက အခုလို အကြံပြုဆွေးနွေးထားပါတယ်။


Photo - Better PT

 ဘယ်လိုကလေး‌တွေမှာ ကာယလေ့ကျင့်ကုထုံးတွေ လိုအပ်တာလဲ

၁။ ဦးနှောက်ပျက်စီးလို့ ဖြစ်တဲ့ သူငယ်နာ အကြောသေ ရောဂါခံစား ရတဲ့ကလေးငယ်တွေ



၂။ မျိုးရိုးကြောင့်ဖြစ်တဲ့ ဆင်ဒ ရုန်း ရောဂါခံစား ရတဲ့ကလေးငယ်တွေ

၃။ မွေးစကစပြီး အရိုးပျော့လွန်းတဲ့ကလေးငယ်တွေ

၄။ သာမန်ကလေးတွေထက် ဖွံဖြိုးအားနည်းတဲ့ ကလေးငယ်တွေမှာ ကာယလေ့ကျင့်ကုထုံးဆိုတာ လိုအပ်ပါတယ်။ 

အဲဒီကလေးတွေမှာ မွေးကင်းစ၊လသားအရွယ်နဲ့ ဆယ်ကျော်သက်အရွယ် စတဲ့ အသက်အရွယ်အမျိုးအစားအလိုက် ကာယလေ့ကျင့်ကုထုံး (Physical Therapy) တွေ လိုအပ်တာပါ။  

ကလေးငယ်တွေအတွက် ကာယလေ့ကျင့်ကုထုံးဆိုတာ

ကလေးတွေဟာ မွေးဖွားပြီးလာပြီဆိုပါက အလိုအလျောက် ဖွံ့ဖြိုးလာတယ်ဆိုပေမယ့် ခုနကပြောတဲ့လိုအပ်ချက်တွေ ရှိနေတဲ့ကလေးတွေဆိုရင်တော့ ကာယကုထုံးဆိုတာ မဖြစ်မနေလိုအပ်ပါတယ်။

ဒီလိုကာယလေ့ကျင့်ကုထုံးလုပ်ပေးခြင်းအားဖြင့်

၁။ ကလေးတွေရဲ့ အားနည်းနေတဲ့ ကြွက်သားတွေ သန်မာလာမယ်၊

၂။  အဆစ်တွေဆိုလည်း သာမန်အဆစ်တွေလိုပဲ လှုပ်ရှားနိုင်လာအောင် ကွေးလာနိုင်အောင် ဆန့်လာနိုင်မယ်။

၃။ သာမန်ကလေးတွေနည်းတူ လှုပ်ရှားမှုတွေ ပုံမှန်ဖြစ်လာပါမယ်။

Photo - Freepik

ကလေးတွေစိတ်ပျော်ရွှင်စေမယ့်ပုံစံနဲ့ ကာယလေ့ကျင့်ပေးပါ

ကလေးငယ်တွေကို ကာယလေ့ကျင့်ကုထုံးတွေ ကုသပေးတဲ့နေရာမှာကလေးတစ်ဦးချင်းစီအလိုက် Goal Setting တွေ ပြုလုပ်ပြီး လေ့ကျင့်ကုသပေး ရပါတယ်။ ကာယလေ့ကျင့်ကုထုံးနဲ့ ပတ်သတ်တဲ့ လှုပ်ရှားမှုတွေကို သူတို့ကြိုက်နှစ်သက်တဲ့ ကစားနည်းတွေအပေါ် မူတည်ပြီးလေ့ကျင့်ပေးတာဖြစ်ပါတယ်။

 ကလေး ရဲ့ နေ့စဥ်လှုပ် ရှားမှုပုံစံတွေ၊ သွားလာမှုတွေ အားနည်းတဲ့အပိုင်းတွေကို သေချာလေ့လာပြီး မှကလေးနဲ့သက်ဆိုင်ကိုက်ညီမယ့် ကာယလေ့ကျင့်ကုထုံးတွေကိုကုသပေးပါ။ ကလေးတွေကို ကာယလေ့ကျင့်ကုထုံးပေးတဲ့အခါ အလုပ်တစ်ခုလို မဖြစ်စေဘဲ ကလေးတွေ စိတ်ပျော်နေအောင် စဥ်းစားပေးပြီး စိတ်ရှည်ရှည်နဲ့ လေ့ကျင့်ပေးပါ။

မိဘတွေအနေနဲ့ ကာယလေ့ကျင့်ကုထုံးတွေကို သေချာသင်ကြားထားပါ

ကလေးတွေကို ကာယလေ့ကျင့်ကုထုံးသင်ကြားပေးတဲ့ သူတွေအနေနဲ့ တီထွင်ဆန်းသစ်နေဖို့ လိုပါတယ်။ ကလေးတစ်ယောက် ကိုယ့်ဆီ လာပြီဆိုတာနဲ့ ဒီကလေးက ဘယ်လိုလှုပ်ရှားလဲ။ ဘယ်လိုထိုင်နေလဲ။ တစ်နေရာနဲ့ တစ်နေရာကို ဘယ်လို သွားလဲ ဆိုတာမျိုးတွေ ကြည့်နေရပါမယ်။ အဓိကကတော့ ကလေးနဲ့ ရင်းနှီးမှု ရအောင် လုပ်ပြီး သူစိတ်ဝင်စားနိုင်မယ့် အရာတွေကို လေ့လာရပါတယ်။

 မိဘတွေကလည်း ကာယလေ့ကျင့်ကုထုံးနဲ့ ပတ်သက်ပြီး သေချာသင်ကြားထားဖို့ လိုပါတယ်။ ကလေးတွေကို လေ့ကျင့်ခန်းကို ရက်ချိန်းမှန်မှန်လေးလာပြပေးဖို့ကလည်း မဖြစ်မနေလိုအပ်ပါတယ်။ ဒါမှ ကလေးက လက်ရှိလုပ်နေတဲ့ လေ့ကျင့်ခန်းနဲ့ သင့်တော်နေသေးလား ပြောင်းသင့်လား လျှော့မှာလား စတာတွေကို သိရှိမှာဖြစ်ပါတယ်။

“ နိဂုံးချုပ်အနေနဲ့ မိဘတွေအနေနဲ့ ကိုယ့်သားသမီးဟာ တခြားကလေးတွေနဲ့ မတူဘဲ ဖွံဖြိုးမှုနှေးတာမျိုး သတိထားမိနေပြီ။ တစ်ခြားပုံစံမတူတဲ့ လှုပ်ရှားမှုတွေကို တွေ့နေပြီဆိုပါက စောစီးစွာ ကာယလေ့ကျင့်ကုထုံးအတွက် ကုသဆွေးနွေးတိုင်ပင်ဖို့ လိုအပ်ပါတယ်။စောစောလုပ်လေ ကလေးတွေအတွက် အနာဂတ်ပိုပြီး ကောင်းမွန်လေဖြစ်ပါတယ်”

သတင်းဆောင်းပါးပါးအချက်အလက်များသည် ပါရမီဆေးရုံကြီးမှ Chief Physiotherapist ဒေါ်ခိုင်ဆုဝေက အခုလို ဝေမျှအကြံပြုဆွေးနွေးထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က