ပြီးခဲ့တဲ့အပတ်မှာ ဘိုင်ယန်မြူးနစ် နည်းပြအဖြစ်နဲ့ နည်းပြအလုပ်ကို ပထမဆုံး ပြန်လည်ခြေလှမ်းခဲ့တာဖြစ်ပါတယ်။

သောမတ်စ် တူဟယ်က စက်တင်ဘာလမှာ တော့ဒ် ဘိုလီရဲ့ ထုတ်ပယ်ခြင်းကို ခံခဲ့ရပြီးကတည်းက ချဲလ်ဆီးက အပြောင်းအလဲအများကြီးရှိခဲ့တာကြောင့် ဂရေဟမ် ပေါ့တားရဲ့ ထုတ်ပယ်ခံရမှုက ၎င်းအတွက် ကြီးမားတဲ့ စိတ်ခံစားမှု မဖြစ်ပေါ်စေခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဂျာမန်လူမျိုးနည်းပြဟာ ၂၀၂၂-၂၀၂၃ ရာသီ ပထမဆုံး ၆ ပွဲ အပြီး စက်တင်ဘာလမှာ ချဲလ်ဆီးအသင်းပိုင်ရှင်သစ် တော့ဒ် ဘိုလီရဲ့ ရာထူးကနေ ထုတ်ပယ်ခြင်းကို ခံခဲ့ရတာဖြစ်ပြီး တူဟယ်ဟာ ၂၀၂၁ ခုနှစ်မှာ ချန်ပီယံလိဂ်ဖလားရရှိအောင် ကူညီပေးခဲ့သလို ရိုမန် အေဘရာမိုဗစ်ချ် ထွက်ခွာချိန်မှာ ကသောင်းကနင်းဖြစ်နေတဲ့အသင်းကို ထိန်းသိမ်းပေးခဲ့သူဖြစ်ပါတယ်။

 

ဒါပေမယ့်လည်း ပြီးခဲ့တဲ့နွေရာသီမှာ ပေါင်သန်း ၃၀၀ နီးပါး အသုံးပြုပြီး ကစားသမားသစ် ခေါ်ယူခွင့်ပေးခဲ့ပြီးနောက် စက်တင်ဘာလမှာ နည်းပြ တူဟယ်ကို ထုတ်ပယ်ခဲ့တဲ့အတွက် ချဲလ်ဆီးပရိသတ်တွေက ဒေါသထွက်ခဲ့ကြတာဖြစ်ပါတယ်။ ဂျာမန်လူမျိုးနည်းပြက ရာထူးကနေ မမျှော်လင့်ဘဲ ထုတ်ပယ်ခံရမှုကြောင့် ပုံမှန်ပြန်ဖြစ်ဖို့ အချိန်အတော်ကြာယူခဲ့ရတယ်လို့ ဝန်ခံခဲ့ပြီး ပြီးခဲ့တဲ့အပတ်မှာ ဘိုင်ယန်မြူးနစ် နည်းပြအဖြစ်နဲ့ နည်းပြအလုပ်ကို ပထမဆုံး ပြန်လည်ခြေလှမ်းခဲ့တာဖြစ်ပါတယ်။

 

တူဟယ်ဟာ ချဲလ်ဆီးနဲ့ နှစ်လိုဖွယ် အမှတ်တရတွေ ရှိနေသေးပေမယ့်လည်း အသင်းပိုင်ရှင် တော့ဒ် ဘိုလီကို ပြစ်တင်ဝေဖန်ခဲ့ပြီး ပေါ့တားထုတ်ပယ်ခံရမှုက ၎င်းအတွက် စိတ်ခံစားမှု ကြီးကြီးမားမား မဖြစ်စေခဲ့ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

 

“ကျွန်တော် မနေ့က တော်တော်လေး မိုးချုပ်မှ သတင်းကို တွေ့ခဲ့ပါတယ်။ ကျွန်တော်ဒီမှာ နည်းပြအဖြစ် ခန့်အပ်ခံရမှုနဲ့ အချိန်ကိုက်ကို တိုက်ဆိုင်ခဲ့ပါတယ်။ ကျွန်တော် အဲဒီမှာ အလုပ်လုပ်ခဲ့ရတာ တကယ်ကို ပျော်ရွှင်ခဲ့ပြီး ဘဝအတွက် ခင်မင်ရင်းနှီးမှုတွေ တည်ဆောက်နိုင်ခဲ့တယ်။ ဒါပေမယ့် အသင်းက အများကြီး ပြောင်းလဲသွားခဲ့ပြီ။ အဲဒီတော့ ကျွန်တော့်အတွက် ကြီးမားတဲ့ စိတ်ခံစားမှုတွေ မဖြစ်စေတော့ပါဘူး။ ”လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က