ဆောက်သမ်တန်ကို ရှုံးအပြီး ဘယ်လိုမှကို သည်းမခံနိုင်အောင် ဖြစ်နေကြပါပြီ။

မနေ့ညက ပွဲမှာ အမှတ်ပေးဇယားအောက်ဆုံးက ဆောက်သမ်တန်ကို အိမ်ကွင်းမှာပဲ အရေးနိမ့်ခဲ့ပြီးနောက် ချယ်လ်ဆီးပရိသတ်တွေဟာ နည်းပြဂရေဟမ်ပေါ်တာကို ထုတ်ပယ်ပေးဖို့ တောင်းဆိုနေကြပြီဖြစ်ပါတယ်။ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ပေါင်သန်း ၄၀၀ ဖိုးနီးပါး လူအင်အားဖြည့်တင်းခဲ့ပေမယ့် ချယ်လ်ဆီးကတော့ အိမ်ကွင်းလည်းမနိုင်၊ အဝေးကွင်းလည်းမနိုင်ဖြစ်နေခဲ့ပါတယ်။ 

ဆောက်သမ်တန်နဲ့ပွဲမှာတော့ သူတို့အသင်းနိုင်ပွဲရမယ်လို့ အားလုံးကမျှော်လင့်ခဲ့ကြပေမယ့် ထင်မှတ်မထားခဲ့ဘဲ ဝါ့ဒ်ပရောက်စ်ရဲ့ အလွတ်တည်ကန်ချက်ကရသွားတဲ့ ဂိုးကြောင့် အရေးနိမ့်ခဲ့ရပါတယ်။ ဒီပွဲရလဒ်ကို ချယ်လ်ဆီးပရိသတ်တွေ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရပြီး နည်းပြကို ထုတ်ပယ်ပေးဖို့အတွက် လူမှုကွန်ရက်တွေပေါ်ကနေ တောင်းဆိုခဲ့ကြပြီဖြစ်ပါတယ်။ 

ပရိသတ်တဦးက "အရမ်းနောက်မကျခင်မှာ ဂရေဟမ်ပေါ်တာကို ထုတ်ပယ်ပေးပါ" လို့ ရေးသားခဲ့ပြီး နောက်ထပ်တဦးကလည်း "ဂရဟေမ်ပေါ်တာက အရမ်းရှက်စရာကောင်းအောင် လုပ်နေပေမယ့် ကစားသမားတွေလည်း ဝေဖန်ခံရတာကနေ လွတ်မြောက်စရာအကြောင်းမရှိပါဘူး" လို့ ရေးသားခဲ့ကာ အားလုံးကို အပြစ်တင်ခဲ့ပါတယ်။ 

တတိယမြောက်တဦးကလည်း 'လူတွေက ဘုရားသခင်ကို မယုံကြဘူး၊ ဒါပေမယ့် ဂရေဟမ်ပေါ်တာကိုကျတော့ ယုံကြည်နေတယ်၊ ဒီလိုဝမ်းနည်းစရာကမ္ဘာကြီးမှာ ငါ နေနေရတယ်" လို့ ဆိုခဲ့ပါတယ်။ ဂရေဟမ်ပေါ်တာဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာလည်း ဒေါ့မွန်ကို အရေးနိမ့်ခဲ့ပြီးနောက် ဆောက်သမ်တန်ကိုပါ ဆက်တိုက်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ 

ချယ်လ်ဆီးအသင်းပိုင်ရှင် တော့ဒ်ဘိုလေကလည်း အသင်းပွဲစဉ်တွေကို လာရောက်ကြည့်ရှုပြီး ပွဲကြည့်စင်ပေါ်မှာ စိတ်ပျက်လက်ပျက်ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ပေါ်တာကို မထုတ်ပယ်သေးတဲ့ သူ့လုပ်ရပ်ကိုတော့ အားလုံးက အံ့အားသင့်နေပြီး လက်ရှိမှာ ထုတ်ပယ်ချိန်တန်ပြီလို့ အားလုံးက ယူဆနေကြပါတယ်။ 


Share

Loading Next Article...
က္က