ယူနိုက်တက်ပရိသတ်တွေဟာ မနေ့ညက မန်စီးတီးကို အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလားဖိုင်နယ်အပြီး အသင်းရဲ့ ကစားသမား မာလာစီယာကို မြင်တွေ့ခဲ့ရတဲ့အပေါ် ကျေနပ်ပျော်ရွှင်နေကြပါတယ်။ အဆိုပါ ကစားသမားဟာ ပြီးခဲ့တဲ့တစ်ရာသီလုံးကို ဒဏ်ရာပြဿနာကြောင့် အနားယူနေခဲ့ရတာပါ။
ဒူးဒဏ်ရာကို ခွဲစိတ်ကုသခံခဲ့ရတဲ့ မာလာစီယာဟာ ယူနိုက်တက်အတွက် ပြီးခဲ့တဲ့ရာသီမှာ တစ်ပွဲမျှ ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိဘဲ လူမြင်ကွင်းကပါ ပျောက်နေခဲ့တာဖြစ်ပါတယ်။ ဒီကြားထဲမှာ မာလာစီယာက ဒဏ်ရာကနေ ပြန်လာဖို့ သတင်းထွက်ခဲ့သေးပေမယ့် တစ်ရာသီလုံးကို အနားယူခဲ့ရတာပါ။
မနေ့ညက ယူနိုက်တက်ကစားသမားတွေ အက်ဖ်အေဖလားနဲ့ အောင်ပွဲခံချိန်မှာတော့ မာလာစီယာကို မြင်တွေ့ခဲ့ရပါတယ်။ ကျစ်ဆံမြီးကျစ်ထားတဲ့ မာလာစီယာက ယူနိုက်တက်ရဲ့ အမည်းရောင်ဂျာစီကို ဝတ်ဆင်ထားပြီး အသင်းဖော်တွေနဲ့အတူ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။
မာလာစီယာကို မြင်တွေ့ခဲ့ရတဲ့အပေါ် ပရိသတ်တွေက “မာလာစီယာကို ပြန်မြင်ရတာ ဘယ်လောက်ပျော်ဖို့ကောင်းလဲဆိုတာ မပြောပြတတ်ပါဘူး” “မာလာစီယာကို အခုလိုမျိုး အသင်းနဲ့ အောင်ပွဲခံနေတာ မြင်ရတာ ပျော်ဖို့ကောင်းပါတယ်။ လာမယ့်ရာသီမှာ သူ ငါတို့အတွက် ပြန်ကစားနိုင်ဖို့ မျှော်လင့်ပါတယ်”
“ဒီပွဲရဲ့ အကောင်းဆုံး အပိုင်းကတော့ မာလာစီယာကို ပြန်မြင်ရတာပါပဲ” လို့ အသီးသီး မှတ်ချက်ပြုခဲ့ကြပါတယ်။ မာလာစီယာကို တန်ဟက်ခ်က လုခ်ရှောရဲ့ အရန်ကစားသမားအဖြစ် တန်ဟက်ခ်က ခေါ်ယူခဲ့တာဖြစ်ပေမယ့် လုခ်ရှောရော၊ မာလာစီယာရော နှစ်ယောက်စလုံး ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတာလည်း ဖြစ်ပါတယ်။