ရာယာကလည်း လက်စွမ်းပြခဲ့တာပါ။

အာဆင်နယ်​ဂန္တဝင်ကစားသမားဟောင်းကြီး အွန်နရီက မနေ့ညက အာဆင်နယ်နဲ့ ပေါ်တိုတို့ရဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ပွဲအတွက် ပင်နယ်တီအဆုံးအဖြတ်ခံယူတဲ့နေရာမှာ ပေါ်တိုရဲ့ နောက်ဆုံးပင်နယ်တီကိုမကြည့်ဘဲ အပိုင်တွက်ပြီး ထထွက်သွားခဲ့ပါတယ်။ ဒီပင်နယ်တီကိုလည်း ပေါ်တိုကစားသမား ဂါလီနိုက ဝင်အောင်ကန်သွင်းနိုင်ခဲ့ခြင်းမရှိပါဘူး။



ဂါလီနိုဟာ ပထမအကျော့ ပေါ်တိုကွင်းမှာ ကစားခဲ့တုန်းက အာဆင်နယ်ဘက်ကို တစ်လုံးတည်းသော အနိုင်ဂိုးသွင်းယူခဲ့တဲ့ ကစားသမားပါ။ ဒါပေမယ့် အခု ပင်နယ်တီ ကန်သွင်းဖို့ ပြင်ဆင်နေချိန်မှာတော့ သူ့ရဲ့ပုံစံက ယုံကြည်ချက်ပျောက်ဆုံးနေတဲ့ပုံစံဖြစ်တယ်လို့ အွန်နရီက တထစ်ချ ယုံကြည်ခဲ့ပါတယ်။

ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းတဲ့နေရာမှာ အာဆင်နယ် ဂိုးသမား ရာယာက ဝမ်ဒဲလ်၊ ဂါလီနိုတို့ရဲ့ ကန်ချက်တွေကို လက်စွမ်းပြကာကွယ်ခဲ့ပြီး အာဆင်နယ်ဘက်က အိုဒီဂတ်၊ ဟာဗက်ဇ်၊ ဆာကာနဲ့ ဒကလန်ရိုက်စ်တို့ အားလုံး ဂိုးဝင်အောင် ကန်သွင်းခဲ့ပါတယ်။

ဒီလိုမျိုး ပင်နယ်တီနောက်ဆုံးအလုံးကို မကြည့်ဘဲ ထွက်သွားခဲ့တာနဲ့ ပတ်သက်လို့ အွန်နရီက “ဂါလီနို ဘောလုံးကို စတည်လိုက်တဲ့အချိန်ကတည်းက ကျွန်တော့်အတွက် သံသယဝင်စရာ ကောင်းသွားပါတယ်။ အဲ့ဒါကြောင့်လည်း ကျွန်တော်မကြည့်ဘဲ ထွက်သွားခဲ့တာပါ”

“သူ့မှာ လုံလောက်တဲ့ အနေအအထားမျိုး မရှိပါဘူး။ ဂိုးဝင်အောင် ကန်နိုင်တယ်ဆိုတဲ့ ပုံစံမျိုးလည်း မရှိခဲ့ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ အာဆင်နယ်အတွက်ကတော့ (၂၀၁၀) နောက်ပိုင်း နှစ်ပေါင်း (၁၄) နှစ်ကြာမှ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို ပထမဆုံး ပြန်လည်တက်လှမ်းလာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က