ဂျာမနီနဲ့ အီတလီလိုအသင်းတွေကိုပါ အနိုင်ယူထားခဲ့တာပါ။

လာမယ့် မတ်လ ၃၀ ရက်နေ့မှာတော့ ပေါ်တူဂီ နဲ့ မြောက်မက်ဆီဒိုးနီးယားတို့က ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့ နောက်ဆုံးအဆုံးအဖြတ်ပွဲစဉ်ကို ကစားရတော့မှာဖြစ်ပါတယ်။ ပေါ်တို့ ဒရာဂါအိုကွင်းကြီးထဲမှာ ကစားရမှာဖြစ်လို့ အိမ်ရှင်ပေါ်တူဂီအတွက် အားသာချက်ရှိနေပါတယ်။ ကစားသမားအင်အားအရလည်း သာလွန်တာကြောင့် ပေါ်တူဂီအတွက် ဒီပွဲက လွယ်ကူမယ်လို့ ထင်မှတ်ရပါတယ်။ 

ဒါပေမယ့်လည်း မြောက်မက်ဆီဒိုးနီးယားရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအဝေးကွင်းပွဲမှတ်တမ်းတွေကတော့ ရော်နယ်ဒိုဦးဆောင်တဲ့ ပေါ်တူဂီကို ကြီးကြီးမားမားခြိမ်းခြောက်နေပါတယ်။ သူတို့ဟာ နောက်ဆုံးပွဲမှာ အီတလီကို ပါလာမိုမှာ သွားယှဉ်ပြိုင်ခဲ့ရပေမယ့် အားလုံးပါးစပ်အဟောင်းသားဖြစ်အောင် နိုင်ပွဲယူပြခဲ့တဲ့အသင်းလည်းဖြစ်ပါတယ်။ 

ဒါ့အပြင် သူတို့ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ အဝေးကွင်းပွဲ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲအထိ အနိုင်ရခဲ့ပြီး အနိုင်ယူခဲ့တဲ့အသင်းတွေထဲမှာ ဂျာမနီနဲ့ အီတလီလိုထိပ်သီးအသင်းတွေ ပါဝင်နေတာလည်းဖြစ်ပါတယ်။ ဒါကြောင့် ပေါ်တူဂီကွင်းလယ်လူဘာနာဒိုဆေးလ်ဗားက "သူတို့က ခြေစစ်ပွဲနောက်ဆုံးအ၀​ေးကွင်း ၅ ပွဲမှာ ၄ ပွဲအထိနိုင်ထားတယ်၊ ဂျာမနီနဲ့အီတလီလို အသင်းကြီးတွေတောင်ပါနေတာပါ၊ ဒါက အများကြီးစကားပြောပါတယ်"

'အရမ်းတက်ကြွလွန်းတဲ့အသင်းဖြစ်ပြီး ယုံကြည်မှုအပြည့်နဲ့အတူ ကျနော်တို့ကို ဖိအားပေးပါလိမ့်မယ်၊ ကျနော်တို့ကတော့ ဒီပွဲအတွက် အများကြီးကြိုးစားထားပြီး ကာတာကို အရောက်သွားမယ့် ကျနော်တို့ရဲ့ မျှော်လင့်ချက်ကို အာရုံစိုက်သွားမှာပါ" လို အသင်းဖော်တွေကို သတိပေးစကားပြောဆိုခဲ့တယ်လို့ The Guardian က ဖော်ပြခဲ့ပါတယ်။ 

Share

က္က