တူရကီနဲ့ကစားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်ခင် ပြောဆိုလိုက်တာပါ။

ပေါ်တူဂီအသင်းခေါင်းဆောင်ရော်နယ်ဒိုက နိုင်ငံအသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ကစားခွင့်ရအောင် အားထုတ်သွားမယ်လို့ သူ့ရဲ့လူမှုကွန်ရက်ကတဆင့် ပြောဆိုလိုက်ပါတယ်။ ခြေစစ်ပွဲတိုက်ရိုက်ခြင်းမရှိခဲ့တဲ့ ပေါ်တူဂီဟာ play-off ပွဲစဉ်အဖြစ် မတ်လ ၂၅ ရက်နေ့မှာ တူရကီနဲ့ ကစားသွားရမှာလည်းဖြစ်ပြီး အဆိုပါပွဲစဉ်အတွက် ပြင်ဆင်လေ့ကျင့်နေပြီဖြစ်ပါတယ်။ 

ကာတာကို အရောက်လှမ်းနိုင်ဖို့အတွက် အရေးပါတဲ့ပွဲစဉ်ဖြစ်ပြီး ပြိုင်ဘက်ကလည်း မာကျောတဲ့အသင်းဖြစ်လို့ ပေါ်တူဂီအတွက် သတိကြီးကြီးထားရမှာလည်းဖြစ်ပါတယ်။ ပေါ်တူဂီနည်းပြဆန်းတို့စ်ကတော့ သူ့အသင်းကို ကာတာမှာ မြင်တွေ့ရစေမယ်လို့ ကြုံးဝါးထားပြီး ပေါ်တူဂီသာ ကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်မြင်ခဲ့ရင် ရာထူးကနုတ်ထွက်ဖို့အထိပါ ပြင်ဆင်ထားတယ်လို့ သတင်းတွေထွက်နေပါတယ်။ 

ရော်နယ်ဒိုက "၂၀၂၂ ကမ္ဘာ့ဖလားကို အာရုံအပြည့်အ၀စိုက်ထားပါတယ်၊ ပေါ်တူဂီကို ကိုယ်စားပြုကစားရတာ အမြဲတမ်းဂုဏ်ယူစရာပါ၊ မလွယ်ကူဘူးဆိုတာကို ကျနော်တို့ သိထားပြီး ရင်ဆိုင်ရမယ့် ပြိုင်ဘက်ကလည်း ကျနော်တို့နဲ့ ရည်မှန်းချက်တူညီတဲ့အသင်းဖြစ်နေပါတယ်၊ သူတို့အပေါ် ကျနော်တို့ လေးစားမှုရှိပါတယ်၊ ဒါပေမယ့် ပေါ်တူဂီကို ကျနော်တို့ရဲ့ နေရာမှန်ဆီ ပို့ပေးဖို့အတွက် တိုက်ပွဲဝင်သွားမှာပါ"

"လုပ်လိုက်ကြရအောင်" လို့ သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားပြီး အသင်းဖော်တွေကို လှုံ့ဆော်ခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ နိုင်ငံတကာသွင်းဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားသူဖြစ်ကာ ၂၀၂၁ ခုနှစ်အတွင်းမှာ ပေါ်တူဂီအတွက် ၁၃ ဂိုးအထိ သွင်းယူပေးထားခဲ့ပါတယ်။ လာမယ့်ပြိုင်ပွဲမှာလည်း သူ့ရဲ့ သွင်းဂိုးတွေနဲ့ အသင်းကို ကာတာဆီအရောက်ပို့ပေးနိုင်မလားဆိုတာက စောင့်ကြည့်ရတော့မှာပါ။ 

Share

Loading Next Article...
က္က