ပေါ်တူဂီကြယ်ပွင့်ဟာ ၂၀၁၉ ခုနှစ်တုန်းက ဘောလုံးသမိုင်းမှာ အထင်ကရကျန်ရစ်စေမယ့် ခုန်ပျံမှုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မော်ရိုကိုအသင်းဟာ ပေါ်တူဂီအသင်းကို ၁-၀ နဲ့ အံ့အားသင့်ဖွယ် အနိုင်ရရှိပြီး ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ ပထမဆုံးအာဖရိကအသင်းဖြစ်လာခဲ့တာဖြစ်ပါတယ်။

မော်ရိုကိုအသင်းအတွက် အဆုံးအဖြတ်သွင်းဂိုးဟာ ယူဆွတ်ဖ် အန်နက်စရီရဲ့ကြောက်မက်ဖွယ် ခုန်ပျံခေါင်းတိုက်ချက်ကနေ ရရှိခဲ့တာဖြစ်ပြီး ခေါင်းတိုက်ချက်ဟာ ရော်နယ်လ်ဒိုသွင်းယူနေကျပုံစံအတိုင်းပဲ လေထဲမှာ ငှက်တကောင်လို ဝဲပျံရင်း ဂိုးသမားနဲ့ နောက်ခံလူတွေကို အလဲထိုးနိုင်ခဲ့တာဖြစ်ပါတယ်။ အမှန်တကယ်တော့ အန်နက်စရီရဲ့ သွင်းဂိုးဟာ ရော်နယ်လ်ဒိုရဲ့ သွင်းဂိုးတွေထက် သာလွန်ကြောင်း အတည်ပြုခြင်းခံခဲ့ရပြီး မော်ရိုကိုကစားသမားဟာ ကွာတားဖိုင်နယ်ပွဲစဉ်က တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူနိုင်ဖို့အတွက် ၉ ပေနဲ့ ၁ လက်မအထိ ခုန်ပျံခဲ့တာဖြစ်ပါတယ်။



အဲဒါကြောင့် ဂျူဗင်တပ်အသင်းအတွက် ကစားပေးခဲ့ချိန်တုန်းက ဆမ်ဒိုးရီးယားအသင်းဘက်ကို ရော်နယ်လ်ဒို ဂိုးသွင်းယူတုန်းက ခေါင်းခုန်တိုက်ခဲ့တဲ့အမြင့်ဆုံးစံချိန် ၈ ပေ ၄ လက်မထက် များစွာ ကျော်လွန်သွားခဲ့ပြီဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ ၂၀၁၉ ခုနှစ်တုန်းက ဘောလုံးသမိုင်းမှာ အထင်ကရကျန်ရစ်စေမယ့် ခုန်ပျံမှုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆီဗီလာတိုက်စစ်မှူးက ရော်နယ်လ်ဒိုထက် ၈ လက်မ ပိုမိုမြင့်မားတဲ့စံချိန်သစ်ကို လုပ်ပြသွားခဲ့တာဖြစ်ပြီး ရော်နယ်လ်ဒိုရော အန်နက်စရီပါ အရပ်အမောင်းချင်းကလည်း ၆ ပေ ၂ လက်မနဲ့ တူညီနေကြတာ ဖြစ်ပါတယ်။

မော်ရိုကို တိုက်စစ်မှူးဟာ အကြိမ်ပေါင်းများစွာ ရော်နယ်လ်ဒို လုပ်ဆောင်ခဲ့တဲ့အတိုင်းပဲ လေထဲမှာ ဝဲပျံနေပုံပေါ်ပြီး နိုင်ငံအသင်းကို ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ကို ပို့ဆောင်ပေးနိုင်မယ့် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကနေလည်း ထွက်ခဲ့ရသလို ၎င်းရဲ့ ခေါင်းတိုက်စွမ်းရည်ပိုင်းမှာလည်း ကျော်တက်ခြင်းခံခဲ့ရတာကြောင့် မပျော်မရွှင်ဖြစ်နေခဲ့မှာဖြစ်ပြီး မော်ရိုကိုအသင်းက ဦးဆောင်ဂိုး ရရှိသွားချိန်မှာ ခေါင်းတိုက်သွင်းဂိုးကို တုံ့ပြန်ခဲ့ပုံက အနည်းဆုံးတော့ တော်တော်လေး အထင်ကြီးသွားခဲ့တယ်ဆိုတာကို ပြသခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က