မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်းဟာ လက်ရှိအချိန်မှာ ကလပ်အသင်းအတွက်ရော လက်ရွေးစင်အသင်းအတွက်ပါ အကောင်းဆုံးအချိန်တွေမှာ မရှိနေသူဖြစ်ပြီး ကမ္ဘာ့ဖလားမစတင်ခင်မှာပဲ ဘလွန်ဒေါ ၅ ဆုရှင်ဟာ သရဲနီတွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းခဲ့ရတာ ဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ နည်းပြ ဖာနန်ဒို ဆန်းတို့စ်နဲ့ အကြီးအကျယ်စကားများပြီးနောက်ပိုင်း ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပေါ်တူဂီလူစာရင်းကနေ နုတ်ထွက်ဖို့အထိ ပြင်ဆင်ခဲ့တယ်လို့ ပေါ်တူဂီသတင်းဌာန Record ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဆန်းတို့စ်ဟာ တောင်ကိုရီးယားနဲ့ပွဲစဉ်မှာ လူစားလဲလှယ်ခံရမှုကို တုံ့ပြန်ခဲ့တဲ့ ရော်နယ်လ်ဒိုရဲ့ အပြုအမူကို မကျေမနပ်ဖြစ်ခဲ့တယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပြီး အဲဒီဖြစ်စဉ်ကြောင့် ဆွစ်ဇာလန်နဲ့ကစားခဲ့တဲ့ ၁၆ သင်းရှုံးထွက်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်းကို အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားဖို့အထိ ပြင်ဆင်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ပေါ်တူဂီလက်ရွေးစင်နည်းပြဟာ ရော်နယ်လ်ဒိုကို ပွဲထွက်လူစာရင်းကနေသာ ချန်လှပ်ခဲ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အဲဒီဆုံးဖြတ်ချက်ဟာ ပေါ်တူဂီဂန္တဝင်အတွက် ဒေါသထွက်စရာ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ နည်းပြ ဆန်းတို့စ်နဲ့ အပြင်းအထန် စကားများခဲ့ပြီးနောက်ပိုင်း ကာတာကို စွန့်ခွာဖို့တောင် အဆင်သင့်ဖြစ်နေခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ စိတ်လျှော့ပြီး လက်ရွေးစင်အသင်းအတွက် ဆက်နေပေးဖို့ စိတ်ပြောင်းခဲ့တာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်းဟာ လက်ရှိအချိန်မှာ ကလပ်အသင်းအတွက်ရော လက်ရွေးစင်အသင်းအတွက်ပါ အကောင်းဆုံးအချိန်တွေမှာ မရှိနေသူဖြစ်ပြီး ကမ္ဘာ့ဖလားမစတင်ခင်မှာပဲ ဘလွန်ဒေါ ၅ ဆုရှင်ဟာ သရဲနီတွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းခဲ့ရတာ ဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အထင်ကြီးအောင် လုပ်ပြနိုင်ခြင်းမရှိသေးတာဖြစ်ပြီး ပြိုင်ပွဲတလျှောက်လုံး ပင်နယ်တီကနေ ကန်သွင်းယူခဲ့တဲ့ သွင်းဂိုးတစ်ဂိုးတည်းသာ ရရှိထားသေးတာဖြစ်ပါတယ်။ ပေါ်တူဂီအသင်းကတော့ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဆွစ်ဇာလန်နဲ့ ပွဲစဉ်မှာ နည်းပြ ဆန်းတို့စ်ရဲ့ ပွဲထွက်လူစာရင်းထဲကနေ ချန်လှပ်ခံရမှုကြောင့် အလွန်ဒေါသထွက်ခဲ့တာကြောင့် အသင်းကို စွန့်ခွာဖို့ ခြိမ်းခြောက်ခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေကို ငြင်းပယ်ခဲ့ပါတယ်။

ရော်နယ်လ်ဒိုနဲ့ ဆန်းတို့စ်ရဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး လက်ရှိမှာတော့ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က Record ရဲ့ သတင်းဖော်ပြချက်ကို ငြင်းပယ်တဲ့ ထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ "ကြာသပတေးနေ့မှာ ဖြန့်ချိခဲ့တဲ့ သတင်းထဲမှာ ရော်နယ်လ်ဒိုက နည်းပြဆန်းတို့စ်နဲ့ စကားများပြီး လက်ရွေးစင်အသင်းကို စွန့်ခွာဖို့ ခြိမ်းခြောက်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်အနေနဲ့ အသင်းခေါင်းဆောင် ရော်နယ်လ်ဒိုဟာ ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း လက်ရွေးစင်အသင်းကို စွန့်ခွာဖို့ ခြိမ်းခြောက်ခဲ့ခြင်း ဘယ်လိုအချိန်မှာမှ မရှိခဲ့ဘူးဆိုတာ ရှင်းလင်းလိုပါတယ်"

"ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ လက်ရွေးစင်အသင်းအတွက် လေးစားမှု ခံရသင့်ပြီး သက်သေပြသထားပြီးဖြစ်တဲ့ မေးခွန်းထုတ်စရာမရှိတဲ့ ပေးဆပ်မှုအတိုင်းအတာတွေနဲ့ သူ့ရဲ့ ထူးခြားတဲ့စံချိန်တွေကို ဆက်လက်တည်ဆောက်သွားမှာဖြစ်ပါတယ်။ လက်ရွေးစင်အသင်း ကစားသမားတွေ၊ နည်းပြတွေနဲ့ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ် အဆင့်ဆင့်က ပုဂ္ဂိုလ်တွေဟာ ပထမဆုံးနေ့ကတည်း ပေါ်တူဂီရဲ့ အကောင်းဆုံးကမ္ဘာ့ဖလားဖြစ်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်အတိုင်း တည်ဆောက်ဖို့အတွက် အပြည့်အဝ ပေးဆပ်ပြီး စိတ်အားထက်သန်မှုရှိခဲ့ပါတယ်"လို့ ထုတ်ပြန်ကြေညာချက်ထဲမှာ ရေးသားထားပါတယ်။

Share

Loading Next Article...
က္က