ဥရုဂွေးနဲ့ပွဲမှာ ပေါ်တူဂီတို့ရခဲ့တဲ့ ပထမဂိုးက ရော်နယ်ဒိုနဲ့ ဘယ်လိုမှ မပတ်သက်ခဲ့ဘူးဆိုတာကို ဖီဖာက နည်းပညာနဲ့ပါ သက်သေပြခဲ့ပါတယ်။ Adidas က ထုတ်လုပ်ထားတဲ့ ဘောလုံးနဲ့ ဒီကမ္ဘာ့ဖလားကို ကစားနေတာဖြစ်ပြီး ဘောလုံးအတွင်းမှာ ထည့်သွင်းထားတဲ့ နည်းပညာကလည်း ရော်နယ်ဒိုက ဘောလုံးနဲ့မထိခဲ့ဘူးဆိုတာကို ပြသခဲ့တယ်လို့ ESPN က ဆိုပါတယ်။
ဖာနန်ဒက်စ်ရဲ့ ဖြတ်တင်ဘောကို ရော်နယ်ဒိုက ခေါင်းတိုက်သွင်းယူခဲ့ရာမှာ သူနဲ့ထိခဲ့တယ်လို့ ယူဆရတဲ့ အခြေအနေမှာရှိခဲ့တာပါ။ ဒါပေမယ့် ဖီဖာက ပြန်လည်စစ်ဆေးမှုတွေလုပ်ခဲ့ပြီးနောက် ဒါဟာ ဖာနန်ဒက်စ်ရဲ့ သွင်းဂိုးသာဖြစ်တယ်လို့ သတ်မှတ်ခဲ့ပြီး နောက်ဆုံးထိချက်မှာ ရော်နယ်ဒို မပါဝင်ခဲ့ဘူးဆိုတာကို အတိအလင်းပဲ ပြောဆိုခဲ့ပါတယ်။
"ပေါ်တူဂီနဲ့ ဥရုဂွေးတို့ပွဲမှာ Al Rihla Official Match Ball မှာ တပ်တင်ထားတဲ့ Connected Ball Technology အရ ရော်နယ်ဒိုနဲ့ ထိတွေ့ခဲ့တယ်ဆိုတာကို အတိအကျမပြသနိုင်ခဲ့ပါဘူး၊ ဘောလုံးအတွင်းမှာ ထည့်သွင်းထားတဲ့ 500Hz IMU အာရုံခံကိရိယာက ကျနော်တို့ရဲ့ ခွဲခြမ်းစိတ်ဖြာမှုကို တိကျသထက်တိကျအောင် လုပ်ပေးနိုင်စွမ်းရှိပါတယ်" လို့ Adidas က ဖီဖာကိုယ်စား ESPN ကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဒီသွင်းဂိုးမှာ ရော်နယ်ဒိုမပါဝင်ခဲ့ဘူးဆိုတာကို သက်သေပြဖို့အတွက် ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က တောင်းဆိုခဲ့တယ်လို့ သိရပြီး ဖီဖာနဲ့ နာမည်ကျော်အားကစားကုမ္ပဏီက နည်းပညာအရသက်သေပြခဲ့တာဖြစ်ပါတယ်။ တကယ်လို့သာ ရော်နယ်ဒိုရဲ့ သွင်းဂိုးဖြစ်ခဲ့မယ်ဆိုရင် သူ့အတွက် ၉ ဂိုးမြောက် ကမ္ဘာ့ဖလားသွင်းဂိုးဖြစ်လာမှာဖြစ်ပြီး ပေါ်တူဂီဂန္ထဝင်ကစားသမားကြီး အူဆီဘီယိုရဲ့ စံချိန်နဲ့ တူညီသွားမှာလည်းဖြစ်ပါတယ်။
CLEAR Filter ဘောလုံးဂိမ်းကစားပြီး Limited Edition CR7 Signed Golden Bottle ဆုလက်ဆောင်ရယူနိုင်ပါပြီ။ ရော်နယ်ဒိုလို ကျွမ်းကျင်မှုမျိုးပြသပြီး သူ့လက်မှတ်ပါဝင်တဲ့ ဆုလက်ဆောင်ရမယ့် အခွင့်အရေးနော်။ ဂိမ်းကို ပါဝင်ဆော့ကစားဖို့အတွက် ဒီလင့်ခ်လေးကို နှိပ်ပြီး ဝင်ကစားရုံပါပဲ။