ဘရူနိုဖာနန်ဒက်စ်တယောက် အသင်းဟောင်းဆီ သွားရောက်ခဲ့တာပါ။

ယူနိုက်တက် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ်ပွဲ ကစားဖို့ ပေါ်တူဂီလက်ရွေးစင်နဲ့ သွားရောက်ပူးပေါင်းရင်း ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ အသင်းဟောင်း စပို့တင်းလစ္စဘွန်းရဲ့ ပွဲစဥ်တခုကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။



ဗစ်တိုးရီးယားဂွီမာရေးစ်နဲ့ ကစားခဲ့တဲ့ အဲ့ဒီပွဲအတွက် ဘရူနိုဖာနန်ဒက်စ်က စပို့တင်းကစားသမားတွေရှိရာ အဝတ်လဲခန်းထဲအထိ ဝင်ရောက်ကာ စိတ်ဓာတ်တက်ကြွအောင် လှုံ့ဆော်ပေးတဲ့ စကားတွေကို ပြောဆိုခဲ့တယ်လို့လည်း သိရှိရပါတယ်။ ဒီပွဲမှာ စပို့တင်းတို့ ပထမပိုင်းမှာ ဦးဆောင်ဂိုးပေးခဲ့ရပေမယ့် ချေပဂိုးနဲ့အနိုင်ဂိုးတွေ ပြန်လည်ရရှိခဲ့ပြီး ပွဲအပြီးမှာ ၁-၃ ဂိုးနဲ့ အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ စပို့တင်းအသင်းခေါင်းဆောင်ဟောင်းတယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ (၂၀၂၀) ဆောင်းရာသီအပြောင်းအရွှေ့မှာ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ စပို့တင်းနဲ့ ပြန်လည်ပူးပေါင်းဖြစ်ခဲ့တာ အခု ပထမဆုံး မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ဒုတိယအကျော့အဖြစ် စပို့တင်းတို့ မန်စီးတီးကိုရင်ဆိုင်ဖို့ မန်ချက်စတာမြို့က Lowry ဟိုတယ်ကို ရောက်ရှိလာချိန်မှာလည်း အသင်းဟောင်းက ကစားသမားတွေနဲ့ သွားရောက် တွေ့ဆုံခဲ့ပါသေးတယ်။ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပြီး နောက်ဆုံးအပတ်မှာလည်း ပရီးမီးယားလိဂ်ရော၊ အက်ဖ်အေရော ကစားစရာပွဲမရှိခဲ့ပါဘူး။

အဲ့ဒါကြောင့်လည်း ဘရူနိုဖာနန်ဒက်စ်က ပေါ်တူဂီကို စောစောစီးစီး ရောက်ရှိနေခဲ့တာဖြစ်ပြီး စပို့တင်းတာဝန်ရှိသူတွေက ဘရူနိုဖာနန်ဒက်စ်ကို အခုလိုမျိုးပဲ အသင်းသားတွေကို စိတ်ဓာတ်တက်ကြွအောင် လုပ်ပေးဖို့ အဝတ်လဲခန်းထဲ ဖိတ်ခေါ်ခဲ့တာလို့ သိရှိရပါတယ်။ 

Share

Loading Next Article...
က္က