ဖီဖာကတော့ ဖာနန်ဒက်စ်ရဲ့ သွင်းဂိုးလို့သာ သတ်မှတ်ခဲ့ပါတယ်။

ဥရုဂွေးနဲ့ပွဲမှာ ပေါ်တူဂီတို့ရခဲ့တဲ့ ပထမဂိုးက ရော်နယ်ဒိုနဲ့ ထိသွားခဲ့တယ်လို့ထင်မိကြောင်း ဘရူနိုဖာနန်ဒက်စ်က ဖွင့်ဟလိုက်ပါတယ်။ ပေါ်တူဂီတို့ ၂-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ပထမဂိုးကို ရော်နယ်ဒိုသွင်းယူခဲ့တယ်လို့ ထင်မှတ်ခဲ့ကြပေမယ့် ဖီဖာကတော့ ရော်နယ်ဒိုနဲ့မထိခဲ့ဘူးလို့ သတ်မှတ်ကာ ဖာနန်ဒက်စ်ရဲ့ သွင်းဂိုးအဖြစ် သတ်မှတ်ပေးသွားခဲ့တာဖြစ်ပါတယ်။ 

ရော်နယ်ဒိုကတော့ အောင်ပွဲတောင် ခံနေခဲ့ပြီးခါမှ သူ့ရဲ့ သွင်းဂိုးမဟုတ်လို့ စိတ်ပျက်စရာတော့ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ပုံစံကောင်းပြသနေခဲ့တဲ့ ပေါ်တူဂီကြယ်ပွင့်က ဒုတိယပိုင်းမှာ ဖာနန်ဒက်စ်ရဲ့ ပင်နယ်တီသွင်းဂိုးရပြီး ပေါ်တူဂီတို့ အနိုင်သေချာခဲ့ချိန်မှာတေ့ာ အားရဝမ်းသာနေခဲ့ပြီး ပွဲအပြီးမှာလည်း ဖာနန်ဒက်စ်နဲ့အတူ အောင်ပွဲခံခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ 

ပွဲပြီးအင်တာဗျူးမှာ ဖာနန်ဒက်စ်က "ရော်နယ်ဒိုရဲ့ သွင်းဂိုးလို့ပဲ ကျနော်ယူဆပြီး အောင်ပွဲခံခဲ့ပါတယ်၊ ဘောလုံးက သူနဲ့ထိမိသွားတယ်လို့ ကျနော်ကတော့ ထင်တယ်၊ ကျနော့် ရည်ရွယ်ချက်ကလည်း သူ့အတွက် ဖြတ်တင်ဘောတခု လုပ်ပေးဖို့ပါ၊ ဘာပဲဖြစ်ဖြစ် ကျနော်တို့ထဲက တယောက်ယောက်က ဂိုးသွင်းနိုင်ရင်၊ ဒါမှမဟုတ် တခြားတခုခုလုပ်နိုင်တယ်ဆိုရင် ဒီနိုင်ပွဲအတွက် ကျ​နော်တို့ ပျော်ရွှင်ပါတယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။ 

"ရော်နယ်ဒိုက သွင်းဂိုးတွေရယူဖို့ အားထုတ်နေတဲ့သူဆိုတာ ကျနော်တို့ သိထားပါတယ်၊ ရာမို့စ်၊ အန်ဒရီဆေးလ်ဗား၊ ရာဖေးလ်လွီအိုနဲ့ ယာအိုဖီးလစ်တို့လည်း ဒီအတိုင်းပါပဲ၊ ဒါပေမယ့် အရေးအကြီးဆုံးကတော့ အောင်မြင်မှုရဖို့ပါပဲ၊ ဒါက ကျန​ော်တို့အစုအဖွဲ့၊ ညီညွှတ်မှုနဲ့ ကွင်းထဲမှာလည်း စိတ်ပိုင်းဖြတ်ထားတာတွေရှိပြီးသားပါ၊ ကျနော်တို့ကြားမှာရှိတဲ့ အပြန်အလှန်ကူညီမှုက ဒီလိုရလဒ်တွေရစေပါတယ်" လို့ သူက ထပ်ပြောခဲ့ပါတယ်။ 

ပေါ်တူဂီကတော့ နောက်တဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်ကာ အုပ်စုနောက်ဆုံးပွဲအဖြစ် တောင်ကိုရီးယားနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ သွင်းဂိုး ၁ ဂိုးရယူပေးထားပြီး နောက်ထပ်သွင်းဂိုးရဖို့ နီးစပ်ခဲ့ပေမယ့်လည်း ကံဆိုးစွာနဲ့ပဲ တေ့လွဲလေးလွဲခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က