ပေါ့ဂ်ဘာနဲ့ ယူနိုက်တက်တို့ရဲ့ စာချုပ်သက်တမ်းဟာ ဒီရာသီကုန်မှာ ပြည့်တော့မှာဖြစ်ပြီး လက်ရှိအချိန်ထိ စာချုပ်သစ်အတွက် သဘောတူညိမှုမရရှိသေးဘူးလို့ သိရပါတယ်။
ယူနိုက်တက်ကွင်းလယ်လူပေါ့ဂ်ဘာရဲ့ အေးဂျင့်ရွိုင်အိုလာက သူ့ကစားသမားဟာ အသင်းဟောင်းဂျူဗင်တပ်စ်ကို ပြန်သွားကစားနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ပေါ့ဂ်ဘာနဲ့ ယူနိုက်တက်တို့ရဲ့ စာချုပ်သက်တမ်းဟာ ဒီရာသီကုန်မှာ ပြည့်တော့မှာဖြစ်ပြီး လက်ရှိအချိန်ထိ စာချုပ်သစ်အတွက် သဘောတူညိမှုမရရှိသေးဘူးလို့ သိရပါတယ်။
ရွိုင်အိုလာက "ပေါ့ဂ်ဘာရဲ့စာချုပ်က ဇွန်လဆိုရင် ပြည့်ပါပြီ၊ ဒါကြောင့် ယူနိုက်တက်နဲ့ ကျွန်တေ်ာတို့ဆွေးနွေးနေပြီး ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ၊ တူရင်က ပေါ့ဂ်ဘာရဲ့ နှလုံးသားမှာရှိနေတုန်းပါပဲ၊ သူ ဂျူဗင်တပ်စ်ကို ပြန်သွားကစားနိုင်တဲ့ အခွင့်အရေးရှိပါတယ်၊ ဒါပေမယ့် အဲဒါက ဂျူဗင်တပ်စ်အပေါ်တော့ မူတည်ပါတယ်" လို့ Rai Sport ကို ပြောဆိုခဲ့ပါတယ်။
ရွိုင်အိုလာကတော့ ပေါ့ဂ်ဘာရဲ့ အပြောင်းအရွှေ့တွေနဲ့ ပတ်သက်ပြီး မကြာခဏဆိုသလို ပွဲဆူအောင်လုပ်လေ့ရှိတဲ့ အေးဂျင့်ဖြစ်ပါတယ်။ ၂၀၀၂ ဒီဇင်ဘာတုန်းကလည်း ယူနိုက်တက်နဲ့ ပေါ့ဂ်ဘာတို့ကြားမှာ ပြီးဆုံးသွားပြီလို့ ပြောဆိုခဲ့ဖူးပြီး ကစားသမားက အိုးထရက်ဖို့ဒ်မှာ မပျော်ရွှင်တော့ဘူးလို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် ပေါ့ဂ်ဘာကတော့ လက်ရှိအချိန်ထိ ယူနိုက်တက်မှာကစားနေပြီး ဒီရာသီမှာဆိုရင် လိဂ်ပွဲ ၄ ပွဲမှာ ဖန်တီးမှု ၇ ကြိမ်အထိ ပြုလုပ်ထားပြီး ခြေစွမ်းပြနေပါတယ်။