ဒီလိုဖန်တီးမှုတွေမရှိရင်တောင်မှ ပေါ့ဂ်ဟာ အရမ်းကောင်းမွန်တဲ့ ကစားသမားဖြစ်တယ်ဆိုတာကို သူ နားလည်ထားပြီးဖြစ်တာကြောင့်လို့လည်း နော်ဝေသားနည်းပြက ရှင်းပြသွားခဲ့ပါတယ်။
ဒီရာသီမှာ အသင်းအတွက် ပေါ့ဂ်ဘာ ဘယ်လောက်ထိဖန်တီးပေးထားလဲဆိုတဲ့အပေါ် သူ စိတ်မဝင်စားဘူးလို့ နည်းပြဆိုးလ်ရှားက ပြောဆိုလိုက်ပါတယ်။ ဒီလိုဖန်တီးမှုတွေမရှိရင်တောင်မှ ပေါ့ဂ်ဟာ အရမ်းကောင်းမွန်တဲ့ ကစားသမားဖြစ်တယ်ဆိုတာကို သူ နားလည်ထားပြီးဖြစ်တာကြောင့်လို့လည်း နော်ဝေသားနည်းပြက ရှင်းပြသွားခဲ့ပါတယ်။
"ဒီရာသီမှာ သူ့ရဲ့အကောင်းဆုံးပေးပို့မှုတွေက သူ့အတွက် ဖန်တီးမှုမဖြစ်ခဲ့ပါဘူး၊ ဖန်တီးမှုအပေါ်လည်း ကျွန်တော်အာရုံမစိုက်ခဲ့ဘူး၊ အဲဒါက လူမှုကွန်ယက်ပေါ်အကြောင်းအရာတစ်ခုပါပဲ၊ ဒါပေမယ့် သူ ကစားတာ အရမ်းကောင်းခဲ့တယ်ဆိုတာတော့ သေချာပါတယ်" လို့ ဆိုးလ်ရှားက ယန်းဘွိုင်းနဲ့ပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
ပေါ့ဂ်ဘာကတော့ ယူနိုက်တက်ရဲ့ အဓိကကွင်းလယ်လူတစ်ဦးဖြစ်နေပြီး ဒီရာသီမှာ ခြေစွမ်းပြသနေတာဖြစ်ပါတယ်။ အသင်းကထွက်ခွာမယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် လက်ရှိမှာတော့ အသင်းနဲ့အတူခြေစွမ်းပြနေတာကြောင့်လည်း စာချုပ်သစ်ချုပ်ဆိုမယ်လို့ ယူဆရပါတယ်။