ယခုရာသီ အချိန်အများစုမှာ ပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာဟာ စည်းကမ်းချိုးဖောက်မှုကြောင့် ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ဖရိုင်းဘတ်နဲ့ကစားရမယ့် ဂျူဗင်တပ်လူစာရင်းထဲကနေ ထုတ်ပယ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ပြင်သစ်ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကို စွန့်ခွာပြီး ဂျူဗင်တပ်အသင်းကို အလွတ်နဲ့ ပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြင်သစ်ကွင်းလယ်ကစားသမားရဲ့ စီးရီးအေအပြန်ခရီးဟာ လက်ရှိအချိန်အထိ ဒဏ်ရာပြဿနာတွေကြောင့် ထင်သလို ဖြစ်မလာခဲ့ဘဲ ယခုရာသီ အချိန်အများစုမှာ ပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ပေါ့ဂ်ဘာဟာ ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ လုပ်ဆောင်နေချိန်အတွင်း နှင်းလျှောစီးနေတာ မြင်တွေ့ခဲ့ရပြီးနောက် ပြစ်တင်ဝေဖန်မှုတွေ ခံခဲ့ရပြီး ပြင်သစ်ကွင်းလယ်ကစားသမားရဲ့ ပါဝင်ကစားပေးနိုင်စွမ်းမရှိမှုနဲ့ စည်းကမ်းပိုင်း လိုက်နာမှုမရှိမှုတွေက ဂျူဗင်တပ်ပရိသတ်တွေအတွက် ဒေါသထွက်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ GOAL ရဲ့ ဖော်ပြချက်အရ ပေါ့ဂ်ဘာဟာ ယနေ့ည ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် ဖရိုင်းဘတ်နဲ့ ကစားရမယ့်ပွဲစဉ်ကို အသင်းလူစာရင်းနဲ့ ပူးပေါင်းဖို့ နောက်ကျခဲ့ပြီးနောက် ပါဝင်ကစားခွင့်ရမှာမဟုတ်ဘူးလို့ သိရပါတယ်။

Share

Loading Next Article...
က္က