အနာဟောင်းကို ဆွခံရလို့ အသင်းဖော်တွေကို ချစ်စနိုးနဲ့ ဆဲဆိုခဲ့တာပါ။

ပီအက်စ်ဂျီကြယ်ပွင့်တွေဖြစ်တဲ့ လီအန်ဒရို ပါရီဒက်စ်၊ ဒီမာရီယာ၊ လီယွန်နယ် မက်ဆီတို့ဟာ ပဲရစ်မှာ တီဗွီအတူတူကြည့်ရင်း သောက်လိုက်စားလိုက်နေနေခဲ့ကြပြီး အသင်းဖော် နေမာကိုလည်း မခံချင်အောင် လုပ်ခဲ့ကြပါတယ်။

လီယွန်နယ် မက်ဆီနဲ့ ဒီမာရီယာတို့ဟာ ပါရီဒက်စ်ရဲ့ အင်စတာဂရမ်က မျှဝေခဲ့တဲ့ ဓာတ်ပုံအတွက် ဧည့်ခန်းမှာ ကိုပါအမေရိကဖလားကြီးကို ဘေးမှာချထားပြီး ပို့စ် ပေးခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၎င်းတို့ရဲ့ ပီအက်စ်ဂျီအသင်းဖော် ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူး နေမာကတော့ ဖုန်းဖွင့်ဖွင့်ချင်း မြင်လိုက်ရတဲ့ပုံကြောင့် ဒေါခွီးသွားခဲ့ပြီး ပါရီဒက်စ်ရဲ့ ဓာတ်ပုံအောက်မှာ မက်ဆီ၊ ဒီမာရီယာ၊ ပါရီဒက်စ်တို့အားလုံးကို မြေနိုးတွေလို့ မှတ်ချက်ပေးသွားခဲ့တာဖြစ်ပါတယ်။



ပြီးခဲ့တဲ့ ဇူလိုင်လဒုတိယအပတ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဂျင်တီးနားနဲ့ ဘရာဇီးလ်အသင်းတို့ရဲ့ ကိုပါအမေရိကဗိုလ်လုပွဲမှာ လီယွန်နယ် မက်ဆီရဲ့ အာဂျင်တီးနားအသင်းက ဒီမာရီယာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ ကိုပါအမေရိကဗိုလ်လုပွဲအပြီးမှာ ဘရာဇီးလ်တိုက်စစ်မှူး နေမာက အောင်မြင်မှုနဲ့ လက်တစ်ကမ်းအကွာကျမှ ရှုံးနိမ့်ခဲ့ရတဲ့အတွက် မျက်ရည်လည်ရွဲနဲ့ ငိုကြွေးခဲ့လို့ အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက ပွေ့ဖက် နှစ်သိမ့်ပေးခဲ့ရသေးတာဖြစ်ပါတယ်။

နေမာအတွက်တော့ ကိုပါအမေရိကဖလားပြိုင်ပွဲပြီးဆုံးခဲ့တာ ၅ လလောက် ရှိခဲ့ပြီဖြစ်တာကြောင့် မေ့မေ့ပျောက်ပျောက်ရှိနေခဲ့ချိန်ကျမှ အာဂျင်တီးနားကြယ်ပွင့်တွေဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဖော် ပါရီဒက်စ်၊ ဒီမာရီယာ၊ မက်ဆီတို့က အနာဟောင်းကို ပုံတင်ပြီး ပြန်ဆွခဲ့တာကြောင့် ဒေါသမထွက်ရက်ဘဲ ချစ်စနိုးနဲ့ မြေနိုးတွေလို့ ဆဲဆိုခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က