ထူးထူးဆန်းဆန်းနည်းနဲ့ အနှောင့်အယှက်ပေးခဲ့တာပါ။

ကိုလံဘီယာပထမတန်းလိဂ်ပွဲစဥ်တခုမှာ ကစားသမားတယောက်က ဖရီးကစ်ကန်ဖို့ ပြင်ဆင်နေတဲ့ ပြိုင်ဘက်ကို စိတ်အနှောင့်အယှက်ပေးဖို့ ဘောင်းဘီချွတ်ပြခဲ့ကြောင်း သိရှိရပါတယ်။ ဆန်တာဖီရဲ့နောက်ခံလူ ပါရီရာဟာ ပြိုင်ဘက်ရဲ့ ဖရီးကစ်ကို ကာကွယ်ဖို့ လူတံတိုင်းစီနေချိန်မှာ အခုလိုပဲ ရှာရှာကြံကြံ လုပ်ရပ်မျိုးကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ပြိုင်ဘက် ကစားသမားက ဖရီးကစ်ကို ကန်ဖို့ နေရာယူနေချိန်မှာ ပါရီရာက သူ့ရဲ့ဘောင်းဘီကို ချွတ်ကာ သူ့ရဲ့ ငယ်ပါကိုပါ ထုတ်ပြခဲ့တာဖြစ်ပါတယ်။ ဒီလုပ်ရပ်ကို ရုပ်သံကင်မရာတွေကလည်း ရိုက်ကူးမိခဲ့ပြီး မြင်ကွင်းကလည်း ရှင်းလင်းပြတ်သားခဲ့ပါတယ်။ ပြိုင်ဘက် ဂျာဂူရက်စ်ကစားသမားရဲ့ အဆိုပါ ဖရီးကစ်ကန်ချက်ကတော့ ဂိုးမဖြစ်ခဲ့သလို ကွင်းလယ်ဒိုင်ကလည်း ပါရီရာရဲ့လုပ်ရပ်ကို သတိမပြုခဲ့မိတာကြောင့် ကွင်းထဲမှာ တစုံတရာ အရေးယူမခံခဲ့ရပါဘူး။


ဒါပေမယ့် ပရိသတ်တွေကတော့ ဒီကစားသမားရဲ့ လုပ်ရပ်အပေါ် ပေါက်ကွဲနေပြီး သေချာပေါက် ပွဲပယ်ပြစ်ဒဏ်ချမှတ်ဖို့ တောင်းဆိုနေကြပါတယ်။ ဒါဟာ ပရော်ဖက်ရှင်နယ်ဆန်တဲ့လုပ်ရပ်မျိုးလည်း မဟုတ်ဘဲ မနှစ်မြို့ဖွယ်ရာ အပြုအမူအဖြစ် ပရိသတ်တွေက ဝေဖန်နေကြပါတယ်။ ဒါ့အပြင် ပွဲအပြီးမှာလည်း ပါရီရာရဲ့ ဆန်တာဖီက ပြိုင်ဘက်ရဲ့နောက်ကျဂိုးကြောင့် ရှုံးနိမ့်ခဲ့ပါတယ်။

ပါရီရာလိုမျိုး ကွင်းထဲမှာ ဒီလိုမျိုး ကျူးလွန်တာကလည်း အားကစားလောကမှာ အခုမှ ပထမဆုံးမဟုတ်ကြောင်း သိရှိရပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၅) မှာလည်း ဘတ်စ်ကတ်ဘောဂန္တဝင်ကြီး လီဘရွန်ဂျိမ်းစ်ဟာ NBA ဗိုလ်လုပွဲတပွဲမှာ ဒါမျိုးလုပ်ခဲ့ဖူးပါသေးတယ်။ အခု ပါရီရာအနေနဲ့လည်း လီဘရွန်ဂျိမ်းစ်ကို နမူနာယူပြီး ဒါမျိုးလုပ်ခဲ့သလားဆိုပြီး ပရိသတ်တွေက လှောင်ပြောင်နေကြပါတယ်။


ပါရီရာရဲ့ အခုလိုလုပ်ရပ်နဲ့ပတ်သက်လို့ ကိုလံဘီယာ ဘောလုံးအဖွဲ့ချုပ်ဘက်က ဘယ်လိုမျိုး အရေးယူမယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။ ဒါပေမယ့် ပရိသတ်တွေကတော့ ပါရီရာကို မဖြစ်မနေ အရေးယူပေးဖို့ တောင်းဆိုနေကြပြီး ပွဲပယ်ပြစ်ဒဏ်တော့ကျခံရနိုင်ဖွယ်ရှိပါတယ်။ 

Share

Loading Next Article...
က္က