ဒဲလက်စ်နဲ့ပွဲမှာ ကန်သွင်းယူခဲ့တဲ့ ဂိုးပါ။

ဒဲလက်စ်နဲ့ ကစားခဲ့တဲ့ပွဲမှာ အသင်းအတွက် နောက်ဆုံးချေပဂိုးကို မက်ဆီသွင်းယူခဲ့ရာမှာ အလွတ်တည်ကန်ဘောကနေ သွင်းယူခဲ့တာပါ။ မက်ဆီဟာ ပွဲချိန် ၈၄ မိနစ်မှာ ရရှိခဲ့တဲ့ အခွင့်အရေးကို အသုံးချနိုင်ခဲ့ပြီး ၄-၄ စီ ဖြစ်အောင် လုပ်ပေးခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်ကန်သွင်းခွင့်ရစေခဲ့ပြီး အနိုင်ရအောင်လည်း ဦးဆောင်နိုင်ခဲ့ပါတယ်။ 

အခုအခါမှာ ဒီအလွတ်တည်ကန်ဘောကို မက်ဆီက ကန်သွင်းယူချိန်မှာ ဘောလုံးကို သူ့စိတ်ကြိုက်နေရာဆီ မရောက်ရောက်အောင် ရွှေ့ပြီးမှ ကန်သွင်းခဲ့တာကို ရုပ်သံဖိုင်တွေနဲ့အတူ ဖော်ပြမှုတွေရှိလာခဲ့ပါတယ်။ မက်ဆီဟာ သတ်မှတ်ပေးထားတဲ့​နေရာကနေ ဘောလုံးကို ၅ ကြိမ်ထက်မနည်း ဘေးကို ရွှေ့ခဲ့ပြီးမှ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ 



မက်ဆီက ဘောလုံးကို နေရာရွှေ့လိုက်၊ တည်လိုက်၊ လူတံတိုင်းနဲ့ ဂိုးပေါက်ကို ကြည့်လိုက် လုပ်နေခဲ့ပြီး စိတ်ကြိုက်နေရာရောက်မှသာ ရပ်ခဲ့တာပါ။ ကွင်းလယ်ိဒုင်နဲ့ ပြိုင်ဘက်ကစားသမားတွေကတော့ လူတံတိုင်းစီဖို့အတွက်ကို အာရုံများနေခဲ့ပြီး မက်ဆီရဲ့ လှုပ်ရှားမှုကို သတိမထားမိခဲ့ကြဘဲ ဖြစ်ခဲ့ပါတယ်။ 

သူ့စိတ်ကြိုက်နေရာကို ရောက်အပြီးမှာ မက်ဆီက ကန်သွင်းခဲ့ပြီး ဂိုးလည်းဝင်ခဲ့ပါတယ်။ အခုအခါ ဒီလုပ်ရပ်အတွက် ဝေဖန်မှုတချို့ရှိလာပြီး ကွင်းလယ်ဒိုင်က မှုတ်ဆေးအသုံးမပြုတာကို ထောက်ပြခဲ့ကြပါတယ်။​ နောက်ထပ်ပရိသတ်တွေကလည်း ဒီလိုမျိုးကို ရော်နယ်ဒိုလုပ်ခဲ့မယ်ဆိုရင် အပြင်းအထန်ဝေဖန်ခံရမှာဖြစ်ပြီး မက်ဆီကတော့ ချီးကျူးခံနေရတယ်လို့ နှိုင်းယှဉ် ပြောဆိုနေကြပါတယ်။ 

Share

Loading Next Article...
က္က