ဒီဂီယာကို ပြန်ခေါ်မယ်လို့ သတင်းထွက်နေတာပါ။

အက်စတွန်ဗီလာ တိုက်စစ်မှူးဟောင်း အဘွန်လဟော်က ဒီဂီယာကို ဖရိုဖရဲဖြစ်နေတဲ့ ယူနိုက်တက်ထံ ပြန်မသွားဖို့ တိုက်တွန်းလိုက်ပါတယ်။ လက်ရှိမှာ ယူနိုက်တက်တို့ ဒီဂီယာကို ကာလတို အငှားစာချုပ်နဲ့ ပြန်ခေါ်ဖို့ သတင်းထွက်ပေါ်နေတာပါ။



ယူနိုက်တက်ရဲ့ အဓိက ဂိုးသမား အိုနာနာဟာ လာမယ့် ဆောင်းရာသီကာလမှာ အာဖရိကဖလားပြိုင်ပွဲကို သွားရောက် ကစားမှာဖြစ်ပါတယ်။ တကယ်လို့သာ အိုနာနာအနေနဲ့ ကင်မရွန်းနဲ့အတူ ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ရင် ယူနိုက်တက်ရဲ့ ပွဲစဉ် (၈) ပွဲအထိကို လွဲချော်နိုင်ပါတယ်။
အဲ့ဒါကြောင့်လည်း အခုလိုမျိုး သတင်းထွက်ပေါ်လာခဲ့တာဖြစ်ပြီး ဒီဂီယာကတော့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ တစ်စုံတစ်ခုကို စဉ်းစားတွေးခေါ်နေတဲ့ အီမိုဂျီကို တင်ထားခဲ့ပါတယ်။ ဒီဂီယာဟာ ယူနိုက်တက်မှာ (၁၂) နှစ်ကြာ ကစားခဲ့ပြီး ပြီးခဲ့တဲ့နွေရာသီမှာ အသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် လက်ရှိအချိန်အထိ အသင်းလက်မဲ့ဖြစ်နေခဲ့တာပါ။
အဘွန်လဟော်ကတော့ “ယူနိုက်တက်က ဒီဂီယာကို ဆက်ဆံခဲ့တဲ့ပုံစံအရ ကျွန်တော်သာဆိုရင် ပြန်မသွားပါဘူး။ အသင်းနဲ့ စာချုပ်သစ်ကိစ္စ၊ ဒီဂီယာ ယူနိုက်တက်အတွက် ဘယ်လောက်ပေးဆပ်ခဲ့တယ်ဆိုတာတွေကိုလည်း ကြည့်လိုက်ဦးပေါ့။ ကျွန်တော်သာဆိုရင် ယူနိုက်တက်ကို ပြန်မသွားပါဘူး”
“ဒါပေမယ့် အခု ဒီဂီယာက မန်ချက်စတာမှာရှိနေပြီး အသင်းက အချို့ကစားသမားတွေနဲ့ အတူတွေ့နေရပါတယ်။ ယူနိုက်တက်က ဖရိုဖရဲဖြစ်နေတဲ့ အသင်းတစ်သင်းပါ။ သူတို့ အနာနာကို သွားခွင့်မပေးခင် ပိုကောင်းတဲ့ ဒုတိယဂိုးသမားကို ခေါ်နိုင်စွမ်းမရှိဘူးလား” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က