ဖရက်ဒ်ကို စွဲစွဲမြဲမြဲသုံးနေတဲ့ ဆိုးလ်ရှားကို ရွိုင်ကိန်းက ကြိတ်မနိုင်၊ ခဲမရဖြစ်နေတာပါ။

ယူနိုက်တက်ဂန္တဝင်ကစားသမားဟောင်းကြီး ရွိုင်ကိန်းက Sky Sports နဲ့ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးခန်းမှာ ဖရက်ဒ်ကို စွဲစွဲမြဲမြဲသုံးနေတဲ့ ဆိုးလ်ရှားရဲ့ လုပ်ရပ်အပေါ် အကြီးအကျယ်ဝေဖန်သွားခဲ့ပါတယ်။ ယူနိုက်တက်က မန်စီးတီးကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ မန်ချက်စတာဒါဘီပွဲအပြီး အသင်းရဲ့ ကစားသမားတွေအပေါ် ဝေဖန်မှုတွေ ပြင်းထန်နေတာပါ။



ဒီပွဲမှာ ယူနိုက်တက်တစ်သင်းလုံးက အားနည်းချက်တွေရှိခဲ့ပြီး ဂိုးသမား ဒီဂီယာသာ လက်စွမ်းမပြခဲ့ရင် (၂) ဂိုးထက် ပိုအသွင်းခံရနိုင်ခြေရှိခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်က ၃-၅-၂ နဲ့ ပွဲထွက်လာခဲ့ပြီး ကွင်းလယ်မှာတော့ ဆိုးလ်ရှားစိတ်ကြိုက် ဖရက်ဒ်နဲ့တွမ်မီနေးအတွဲကိုသာ ပွဲထုတ်ခဲ့တာပါ။

ဖရက်ဒ်ရဲ့ခြေစွမ်းက မေးခွန်းထုတ်စရာကောင်းနေပေမယ့် ဆိုးလ်ရှားကတော့ ဒီကစားသမားကို စွဲစွဲမြဲမြဲ အသုံးပြုနေပြီး ဖရက်ဒ်နဲ့ပတ်သက်တဲ့ ဝေဖန်မှုတွေကိုလည်း ကာကွယ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီလုပ်ရပ်အပေါ် ရွိုင်ကိန်းက သည်းမခံနိုင်တော့ဘဲ အခုလိုပဲ ဝေဖန်လာခဲ့တာပါ။

ရွိုင်ကိန်းက “ဆိုးလ်ရှားသာ အခု ဒီစတူဒီယိုခန်းထဲ ရောက်လာကြည့်။ ငါ သူ့ကို အင်္ကျီဆောင့်ဆွဲပြီး ဘာလို့ ဖရက်ဒ်ကို ပေးကစားနေတာလဲ မေးရတော့မယ်။ လုခ်ရှော၊ မက်ဂွိုင်းရား၊ ဖရက်ဒ်တို့နဲ့ ဘတ်စ်ကားရပ်တာကိုကြည့်နေတာလား?”

“မင်းအလုပ်က ဒီကစားသမားတွေအပေါ် မူတည်နေတယ်ဆိုရင်တော့ မင်းတော့ ပြဿနာပဲကွာ။ မင်းဆီမှာ တခြားလက်ရွေးစင်အဆင့် ကစားသမားတွေရှိပါသေးတယ်။ တစ်ယောက်ယောက်က ငါ့ဆီလာပြီး ဖရက်ဒ်က ယူနိုက်တက်အတွက် လုံလောက်တဲ့အရည်အချင်းရှိတဲ့ ကစားသမားလို့ပြောရင်တော့ အဲ့ဒီလူရူးနေတာ သေချာတယ်” လို့ ဝေဖန်သွားခဲ့ပါတယ်။

ဒါ့အပြင် ရွိုင်ကိန်းက မန်ချက်စတာဒါဘီမှာ ကစားသွားတဲ့ အဲရစ်ဘာယီ၊ တွမ်မီနေး၊ ဖရက်ဒ်တို့က ယူနိုက်တက်အတွက် ဘယ်လိုမှမသင့်တော်တဲ့ ကစားသမားတွေဖြစ်တယ်လို့လည်း ပြောကြားသွားခဲ့ပါသေးတယ်။ 

Share

က္က