လိုအပ်ရင် ပြစ်ဒဏ်ဘောလုပ်သင့်တယ်လို့ပါ ထောက်ပြခဲ့ပါတယ်။

အဲဗာတန်နဲ့ တစ်ဂိုးစီသရေကျတဲ့ပွဲအပြီးမှာ ပြောဆိုခဲ့တာဖြစ်ပြီး သူကိုယ်တိုင်လည်း အမှားတွေကျူးလွန်ခဲ့ပြီး ပြင်ဆင်စရာတွေအများကြီးရှိနေတယ်လို့ ဘရူနိုကထောက်ပြခဲ့ပါတယ်။ 


အသင်းအနေနဲ့ အောင်မြင်မှုတွေရယူချင်တယ်ဆိုရင် လက်ရှိပုံစံတွေကို ပြောင်းလဲဖို့လိုအပ်တယ်လို့ ယူနိုက်တက်ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်က အသင်းဖော်တွေကို သတိပေးပြောဆိုလိုက်ပါတယ်။ အဲဗာတန်နဲ့ တစ်ဂိုးစီသရေကျတဲ့ပွဲအပြီးမှာ ပြောဆိုခဲ့တာဖြစ်ပြီး သူကိုယ်တိုင်လည်း အမှားတွေကျူးလွန်ခဲ့ပြီး ပြင်ဆင်စရာတွေအများကြီးရှိနေတယ်လို့ ဘရူနိုကထောက်ပြခဲ့ပါတယ်။ 

ယူနိုက်တက်ဟာ ဒုတိယပိုင်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့ခြင်းမရှိဘဲ ရုန်းကန်ခဲ့ရကာ အဲဗာတန်နောက်ခံလူမီနာရဲ့သွင်းဂိုးက လူကျွံနေခဲ့လို့သာ ရှုံးပွဲမကြုံခဲ့ရတာဖြစ်ပါတယ်။ ဒီပွဲရလဒ်က ယူနိုက်တက်အတွက် တော်တော်လေးစိတ်ပျက်စရာကောင်းနေခဲ့ပြီး အမှတ်ပေးပွဲနှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့တာဖြစ်ပြီး နည်းပြဆိုးလ်ရှားလည်း ဖိအားတွေအောက်ကို ရောက်ခဲ့ပြန်ပြီဖြစ်ပါတယ်။

"တော်တော်လေးခက်ခဲခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်၊ ပထမပိုင်းမှာ ကစားပုံကောင်းခဲ့ပြီး အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ဒါမျိုးလုပ်ပြဖို့ နှေးကွေးခဲ့ပါတယ်၊ နောက်ထပ်အမှားတွေ ထပ်လုပ်ခဲ့ကြပါတယ်၊ ကျွန်တော်တို့ သင်ယူဖို့လိုအပ်နေပြီး ဒီထက်မှားလို့မရတော့ပါဘူး၊ အနိုင်ရနေချိန်ဆို ကစားပုံနှေးကွေးနေတာ ခဏခဏပါပဲ၊ ပိုမြန်ဆန်ဖို့လိုအပ်ပြီး နောက်ထပ်ဂိုးသွင်းဖို့လည်း လိုပါတယ်"

"ပေးလိုက်ရတဲ့ဂိုးကလည်း ကျွန်တော့်ရဲ့ ဆိုးရွားတဲ့ထောင့်ကန်ဘောကနေစခဲ့တာပါ၊ ဂိုးဧရိယာထိပ်နားမှာ နီးနီးကပ်ကပ် ရှိမနေခဲ့ဘူး၊ ဘောလုံးကိုမရှင်းထုတ်နိုင်ခဲ့ဘူး၊ ပြစ်ဒဏ်ဘောလည်း မလုပ်ခဲ့ဘူး၊ အမှားတွေအများကြိးပဲ၊ ကျွန်တော့်ထောင့်ကန်ဘောကနေစခဲ့တာပါ၊ ဒါက ပထမဆုံးအကြိမ်လည်းမဟုတ်တော့လို့ ဒီအမှားတွေကနေ သင်ယူဖို့လိုနေပါပြီ၊ နောက်ပွဲမှာ ပိုကောင်းအောင်ကစားပြနိုင်ရပါမယ်"

"အပြောင်းအလဲတစ်ခုခုတော့လုပ်ရတော့မှာပါ၊ ဘာလို့လဲဆိုတော့ တန်ပြန်တိုက်စစ်တွေကနေ ဂိုးတွေပေးနေရတာက အလုပ်မဖြစ်ဘူးဆိုတာကို သိသင့်နေပါပြီ၊ လိုအပ်ရင်ပြစ်ဒဏ်ကျူးလွန်ရမယ်၊ ပွဲကိုရပ်တန့်ပစ်ရပါမယ်၊ ကျွန်တော်လည်း ထောင့်ကန်ဘောကန်တာပိုကောင်းအောင် လုပ်ရဖို့လိုနေပါတယ်၊ ပိုကောင်းအောင်လုပ်စရာတွေ အများကြီးရှိနေပါတယ်" လို့ ဘရူနိုက MUTV က တဆင့် ပြောဆိုသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က