ပဲလေ့စ်နဲ့ပွဲမှာ ယူနိက်တက်အတွက် တလုံးတည်းသောဂိုးကို သွင်းခဲ့တာပါ။

ယူနိုက်တက်အတွက် ဆက်တိုက်ခြေစွမ်းပြနေတဲ့ ဖရက်ဒ်ဟာ ကာရစ်လက်ထက်မှာလည်း အကောင်းဆုံးပုံစံရခဲ့သလို ရန်းဂ်နစ်ခ်ရဲ့ အဖွင့်ပွဲမှာလည်း နိုင်ပွဲယူပေးခဲ့တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ 


ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားခဲ့တဲ့ပွဲဟာ ယူနိုက်တက်နည်းပြသစ်ရန်းဂ်နစ်ခ်ရဲ့ ပွဲဦးထွက်ပွဲစဉ်ဖြစ်ခဲ့ပြီး နိုင်ပွဲရခဲ့လို့ စိတ်ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။ ပေးဂိုးမရှိနိုင်ပွဲရရှိခဲ့ပြီး အသင်းကစားပုံကိုလည်း အချိန်တိုအတွင်းမှာ သူက ပြောင်းလဲပစ်ခဲ့ကာ ယူနိက်တက်ရဲ့ ကစားဟန်အပေါ် ပရိသတ်တွေက သဘောကျနေခဲ့ကြပါတယ်။ 

ပြိုင်ဘက်ကို ဖိအားတွေပေးပြီးရင်းပေးနေကာ အခွင့်အရေးရတာနဲ့ ဂိုးသွင်းဖို့အတွက် တိုက်စစ်ကို အမြန်ဆုံးစတင်တဲ့ ကစားကွက်ကို ပရိသတ်တွေက ချီးကျူးအသိအမှတ်ပြုခဲ့ကြပါတယ်။ ဒီနိုင်ပွဲနဲ့အတူ ရန်းဂ်နစ်ခ်ဟာ ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ နိုင်ပွဲရခဲ့တဲ့ ပထမဆုံးဂျာမန်လူမျိုးနည်းပြဖြစ်လာခဲ့ပြီး ကလော့ပ်နဲ့ တူချယ်လ်အပါအဝင် အခြားဂျာမန်လူမျိုးနည်းပြ ၃ ဦးကတော့ သူတို့ရဲ့အဖွင့်ပွဲတွေမှာ နိုင်ပွဲမရခဲ့ကြပါဘူး။ 

ပဲလေ့စ်နဲ့ပွဲမှာ ယူနိုက်တက်အတွက် တလုံးတည်းသောအနိုင်ဂိုးကို ကွင်းလယ်လူဖရက်ဒ်က ညာခြေနဲ့ လှလှပပကန်သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ ယူနိုက်တက်အတွက် ဆက်တိုက်ခြေစွမ်းပြနေတဲ့ ဖရက်ဒ်ဟာ ကာရစ်လက်ထက်မှာလည်း အကောင်းဆုံးပုံစံရခဲ့သလို ရန်းဂ်နစ်ခ်ရဲ့ အဖွင့်ပွဲမှာလည်း နိုင်ပွဲယူပေးခဲ့တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ 

ပွဲအပြီးမှာ ရန်းဂ်နစ်ခ်က "သူ ဂိုးသွင်းလိုက်တဲ့အချိန်မှာ ကျွန်တော့်လက်ထောက်ကိုတောင်မှ လှမ်းမေးလိုက်သေးတယ်၊ သူ ညာခြေနဲ့ သွင်းသွားတာလားဆိုတော့ ဟုတ်တယ်တဲ့၊ ကျွန်တော်က သူ့ကို ဘယ်ခြေနဲ့ပဲ ကစားတတ်တယ်ထင်နေတာ၊ သူ့အတွက် ကျွန်တော်ပျော်ရွှင်ပါတယ်" လို့ ပြောဆိုခဲ့ကြောင်းသိရပါတယ်။ 

ပရိသတ်တွေရဲ့ နှစ်သက်မှုကို မရရှိခဲ့သလို ဝေဖန်မှုတွေကို ခံခဲ့ရတဲ့ ဖရက်ဒ်ဟာ လက်ရှိမှာတော့ ယူနိုက်တက်အတွက် အကောင်းဆုံးပုံစံတွေပြသနေတာပါ။ ဘောလုံးဖျက်ထုတ်မှု၊ ပေးပို့ပုံ၊ ကြားဖြတ်လုယူမှု၊ ဧရိယာအတွင်းဖြတ်တင်ပေးပိ့မှုတွေက ဆက်တိုက်တိုးတက်နေတာလည်းဖြစ်ပါတယ်။ 

Share

က္က