ကိုဗစ်ကာလအတွင်း လက်ရွေးစင်ကစားသမားတွေကို စေလွှတ်ဖို့အတွက်ကိစ္စဟာ နိုင်ငံအစိုးရတွေရဲ့ ကိုဗစ်အပေါ်သတ်မှတ်ချက်စည်းကမ်းတွေကြောင့် အခက်တွေ့စရာတွေဖြစ်ခဲ့ရပါတယ်။
ဘရာဇီးလ်နဲ့ အာဂျင်တီးနားပွဲမှာ ဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်ရဲ့ နောက်ဆက်တွဲအဖြစ် ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဟာ ဖီဖာကို တိုင်ကြားမှုတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ကိုဗစ်ကာလအတွင်း လက်ရွေးစင်ကစားသမားတွေကို စေလွှတ်ဖို့အတွက်ကိစ္စဟာ နိုင်ငံအစိုးရတွေရဲ့ ကိုဗစ်အပေါ်သတ်မှတ်ချက်စည်းကမ်းတွေကြောင့် အခက်တွေ့စရာတွေဖြစ်ခဲ့ရပါတယ်။
အဆိုပါပွဲပျက်ခဲ့ပြီးနောက် ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်က ဖီဖာကို တိုင်ကြားမှုပြုလုပ်ခဲ့ပြီး လက်ရွေးစင်အသင်းအတွက် လာကစားပေးခြင်းမရှိသူတွေကို ငါးရက်ပွဲပယ်မှုပြုလုပ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်အပေါ် ဖီဖာကလည်း အတည်ပြုခဲ့တဲ့နောက် လာမယ့်တစ်ပတ်ပရီးမီးယားလိဂ်ပွဲမှာ ဘရာဇိးလ်ကစားသမားတွေ ပါဝင်ခွင့်ရမှာမဟုတ်တော့ဘူးလို့ သိရပါတယ်။
ဘရာဇီးလ်ကစားသမားစုစုပေါင်း ၈ ဦးအထိ ရှိနေခဲ့ပြီး အယ်လစ်ဆန်၊ ဖာဘင်ဟို၊ ဖာမီနို၊ ဖရက်ဒ်၊ ဂျီးဆပ်၊ အီဒါဆန်၊ သီယာဂိုဆေးလ်ဗားတို့ဟာ ကလပ်အသင်းပွဲစဉ်တွေကို လွဲချော်ခဲ့ပြီဖြစ်ပါတယ်။ အဆိုပါသတင်းထွက်ပေါ်လာခဲ့ပြီးနောက်မှာ အပျော်ရွှင်ဆုံးဖြစ်ခဲ့တာကတော့ ယူနိုက်တက်ပရိသတ်တွေဖြစ်ပြီး အသင်းအတွက် ခြေစွမ်းမပြနိုင်တဲ့ ဖရက်ဒ် ပွဲပယ်ခံရလို့ ကျေနပ်နေခဲ့ကြပါတယ်။
ဆိုးလ်ရှားရဲ့ ပုံမှန်ကစားခွင့်ရကစားသမားအဖြစ်ရှိနေတဲ့ ဖရက်ဒ်ဟာ ရာသီအစပွဲတွေမှာဆိုးရွားတဲ့ပုံစံကို ပြသနေသူဖြစ်ပါတယ်။ ဒါပေမယ့် ဆိုးလ်ရှားကတော့ သူ့ကိုပင်တိုင်အသုံးပြုနေပြီး လူစားလဲခြင်းလည်းမပြုလုပ်လို့ ပရိသတ်တွေစိတ်ပျက်နေရပြီး အခုလိုပွဲပယ်ခံရချိန်မှာတော့ ပုံမှန်ကစားခွင့်မရဖြစ်နေတဲ့ ဗန်ဒီဘိခ်ကို ထည့်သွင်းကစားဖို့ တောင်းဆိုမှုတွေလည်း ရှိနေခဲ့ပါတယ်။