ဖရက်ဒ်ကိုတော့ မေတ္တာပို့နေလောက်ပါပြီ။

နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ မန်ချက်စတာယူနိုက်တက်အတွက် လူစားလဲဝင်ရောက်လာပြီး အနိုင်ဂိုးတဂိုး သွင်းယူခဲ့တဲ့ ကွင်းလယ်လူဖရက်ဒ်ကြောင့် ပရိသတ်တဦးဟာ ပေါင် ၁ သန်းအထိ ဆုံးရှုံးသွားခဲ့ရပါတယ်။ ဖရက်ဒ်ဟာ လူစားဝင်လာပြိး ၃ မိနစ်အကြာမှာပဲ ဂိုးသွင်းခဲ့တာဖြစ်ပြီ သူ့ရဲ့ သွင်းဂိုးက ပေါင် ၁ သန်းအထိ ကံထူးမယ့် ပရိသတ်ကို ပေါင် ၁၀၀၀ တည်းနဲ့သာ ကျေနပ်သွားစေခဲ့ရပါတယ်။ 

bet365 က ပြုလုပ်ထားတဲ့ ခန့်မှန်းပြိုင်ပွဲမှာ ပရိသတ်အများအပြား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပွဲစဉ်ပေါင်း ၆ ပွဲရဲ့ ဂိုးရလဒ်တွေကို မှန်ကန်အောင် ဖြေဆိုရမှာဖြစ်ပါတယ်။ ၆ ပွဲစလုံး မှန်ကန်သူဟာ ပေါင် ၁ သန်းရရှိမှာဖြစ်ပြီး ပရိသတ် ၂ ဦးက အဲဗာတန်-၀ုဗ်၊ လက်စတာ-နယူးကာဆယ်၊ အာဆင်နယ်-ဝက်စ်ဟမ်း၊ ဗီလာ-လီဗာပူးလ်၊ ချယ်လ်ဆီး-ဘုန်းမောက် ပွဲတွေကို အားလုံးမှန်ကန်နေခဲ့ပြိးဖြစ်ပါတယ်။ 



ယူနိုက်တက်နဲ့ နော်တင်ဟမ်ဖောရက်စ်ပွဲကိုတော့ တဦးက ၂-၁ နဲ့ ပြီးဆုံးမယ်လို့ ခန့်မှန်းခဲ့တာပါ။ နောက်တဦးကတော့ ၂-၀ လို့ ခန့်မှန်းထားခဲ့ပြီး တကယ်ကို ရင်ခုန်စရာဖြစ်နေခဲ့ရပါတယ်။ ပွဲကစားချိန် ၈၆ မိနစ်အထိ ယူနိုက်တက်က ၂-၀ နဲ့ ဦးဆောင်နေတာဖြစ်ပြီး လက်ကျန်မိနစ်မှာ ဂိုးထပ်မသွင်းရင် ပရိသတ်တဦးက ပေါင် ၁ သန်းအထိ ရရှိမှာဖြစ်သလို နော်တင်ဟမ်က သွင်းယူခဲ့ရင်ဆိုလည်း ၂-၁ ဖြစ်ပြီး နောက်တဦးကပါ ရယူနိုင်ခဲ့မှာပါ။ 

ဒါပေမယ့် ဖရက်ဒ်က ဂိုးသွင်းခဲ့ချိန်မှာတော့ ခန့်မှန်းထားမှုလွဲချော်ခဲ့ပြီး အဖြေ ၅ ခုသာမှန်ကန်ခဲ့လို့ ပေါင် ၁၀၀၀ နဲ့သာ ကျေနပ်ခဲ့ရပါတော့တယ်။ ပွဲစဉ် ၆ ပွဲမှာ ၃ပွဲမှန်ခဲ့ရင် ၅ ပေါင်၊ ၄ ပွဲမှန်ခဲ့ရင် ပေါင် ၅၀၊ ၅ ပွဲ မှန်ခဲ့ရင် ပေါင် ၁၀၀၀ နဲ့ ၆ ပွဲစလုံးမှန်ခဲ့ရင် ပေါင် ၉၉၀၀၀၀ အထိ ဆုချီးမြှင့်နေတာဖြစ်ပြီး ဖရက်ဒ်ကတော့ ပရိသတ်တဦးကို သန်းကြွယ်သူဌေးဖြစ်မယ့် ကံတရားကနေ သွေဖွယ်စေခဲ့တယ်လို့ ပြောရတော့မှာပါ။ 

Share

Loading Next Article...
က္က